ကွန်မင့်တခု = မြန်မာပြည်ကောင်းဖို့အလားအလားရှိလာဆရာ
ဘယ်လိုဖြေရမလဲ။
ဘယ်လိုဖြေသင့်သလဲ။
ဘယ်လိုအဖြေမျိုးကို ဖတ်ချင်သလဲ။
ကျွန်တော်တို့လူမျိုး အများစုက အကောင်းကိုသာ မျှော်လင့်တတ်ကြပါတယ်။
နှစ်သစ်၊ နေ့သစ်ကာလမှာ နိမိတ်ကောင်းတာကိုသာ ပြောဆိုကြ၊ ကြားလိုကြပါတယ်။
ဆရာဝန်ကတော့ ကျန်းမာရေးမေးခွန်းတွေကိုတော့ မှန်ကန်အောင်၊ တိကျအောင် ဖြေတတ်တယ်။
စိတ်ကိုအပြုသဘောဆောင်ပါလို့လည်း တခါတခါထည့်ရေးတယ်။
ကင်ဆာလိုလူနာတွေကိုလည်း ကံတရားကိုလည်း အားကိုးပါလေလို့ ထည့်ရေးတယ်။
ကိုယ်လက်လှုပ်ရှား တက်ကြွအောင်နေပါလို့လည်း အလျဉ်းသင့်တဲ့အခါ ရေးပါတယ်။
ထိုင်မနေပါနဲ့။ လုပ်သင့်တာ၊ လုပ်ကောင်းတာတွေ လုပ်ဆောင်ပါလေ။
Unpacking "In My Humble Opinion": A Deep Dive
ဒေါက်တာတင့်ဆွေ
Comments
Post a Comment