ရှမ်းလူမျိုး သူငယ်ချင်း (စီနီယာ) ဆရာဝန်တယောက်က တခြားသူအသင့်လုပ်ထားတဲ့ ပုံတွေနဲ့ စားစရာပုံတွေနဲ့ တင်ပါတယ်။ မနက်စာ၊ နေ့စာ၊ ညစာ တဲ့။ ယူသုံးတဲ့ပုံထဲမှာ နေ့လယ်စာရေးတာ မှားနေတယ်။
ရှမ်းပြည်ကို အလည်သွားတော့ နေ့လယ်စာ စားခဲ့တယ်။ ကောင်းလွန်းလို့ လျှာလည်သွားတယ်။ Smile!
နောက်တခေါက်သာ အလည်သွားဖြစ်ရင် ရှမ်းပြည်ကို အရောက်သွားဦးမယ်။ ရှမ်းဒေသထွက် စားစရာတွေ စားချင်လို့။
ခေါပုပ်၊ ပဲပုပ်၊ မုန်ညင်း၊ ကောက်ညှင်းကျည်တောက် အမည်တွေကို မှန်အောင်ရေးတဲ့နေရာဒေသတွကိုလည်း သွားချင်တယ်။
စာကိုမှန်အောင်မရေးရင်တော့ -
ရန်ကုန်စာ၊ မန္တလေးစာတွေလည်း မျိုချရခက်မယ်။
အမေရိကန်စာတွေလည်း လည်မျိုမှာ တစ်နေမယ်။
ခေတ်ကလည်း ခက်မှ၊ လွဲမှ၊ ကြာညောင်းမှတဲ့။
DIY Taco Lunchbox
ဒေါက်တာတင့်ဆွေ
Comments
Post a Comment