Skip to main content

Portrait ပုံတူ

ကျွန်တော် ငယ်ငယ်က ပုံတူဆွဲတယ်။ ရုပ်ရှင်မင်းသမီးပုံတွေကများတယ်။ မင်းသားထဲကတော့ ဝင်းဦးကိုပဲဆွဲတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတွေအပ်တဲ့ပုံတူတွေလဲ ဆွဲပေးဖူးပါတယ်။

မိသားတစုလုံး တိုင်းပြည်ကနေထွက်ပြေးရတော့ ကျွန်တော့်ပန်းချီကားလေးတွေကို တခြားပစ္စည်းတွေနဲ့အတူ သိမ်းထားပေးဘို့ အမျိုးတွေကို အပ်ခဲ့ရတယ်။ နိုင်ငံရေးနဲ့ဆိုင်တာတွေကိုတော့ နိုင်ငံရေးမိတ်ဆွေတွေကိုပဲ တာဝန်ပေးခဲ့ပါတယ်။

ဝါဝါဝင်းရွှေပုံတခုပြန်တွေ့ရလို့ တခြားပုံတွေရှိသေးလားမေးတော့ သိမ်းထားပေးတဲ့နှမက 

"အကိုလေး စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောဘဲထားတာတဲ့။ ကျွန်တော့်ပန်းချီကားတွေအားလုံး ခြစားလို့ကုန်သွားပြီ" တဲ့။

ရင်းနှီးသူတွေကမေးတယ်၊ ကျွန်တော့်ဇနီးပုံတူ မဆွဲဘူးလားတဲ့။ ဆွဲခဲ့ပါတယ်။

မနေ့ကဘဲ အမေရိကန်သမတ 'ဂျော့၊ အိတ်ချ်၊ ဒဘလယူ၊ ဘွတ်ရှ်' လဲ ပုံတူဆွဲတဲ့အကြောင်း ဖတ်ရသေးတယ်။ သူက ကမာ္ဘ့နိုင်ငံရေးခေါင်းဆောင်တွေပုံတွေကို ဆွဲတာများတယ်။ သူ့မှတ်ချက်လေးလဲပါတယ်။ "Don't paint your wife ကိုယ့်မိန်းမကို ပုံတူမဆွဲပါနဲ့" တဲ့။

ကျွန်တော် ၁၉၇၀-၇၁ ဆေးမန်းမဂ္ဂဇင်းအဖုံးဆွဲခဲ့ရတယ်။ အထဲကလဲ သရုပ်ဖေါ်ပုံတွေလဲပါတာပေါ့။ မှတ်မိသေးတယ်ဗျာ။ (မဆလ) ပါတီညီလာခံ စလုပ်တဲ့နှစ်။ မဂ္ဂဇင်းတာဝန်ခံဆရာကပြောလို့ ဆေးကျောင်းပုံနဲ့အတူ (မဆလ) 'လိုဂို' ကိုပါ အဖုံးမှာ ထည့်ဆွဲပေးလိုက်ရသေးတယ်။ အခုထိ ခိုးလိုးခုလုဖြစ်နေမိတုန်းဘဲ။

ဖြည့်စွက်ချက် -

ဒီစာလေး ရေးထားတာ ၂၀၁၄ ခုနှစ်က။ ဟိုတလောက ရင်းနှီးသူ ၂ ယောက်ကို ဖုန်းမှာသိမ်းထားတဲ့ ဒီပုံကိုပြပြီး ကြွားတော့ 

"အဲဒါဘယ်သူ့ပုံလဲ" တဲ့။ 

ပုံမတူ ဖြစ်ရော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ