ခြေတွေလက်တွေအေးလွန်းလို့ ဘုရား သနပ်ခါးမီးပူဇော်တဲ့ဓလေ့ကို သတိရလာတယ်။ ကနေ့တော့ နှစ်ပတ်လည်စာအဖြစ် ပြန်ပေါ်လာပါတယ်။
ပြည်တွင်းမှာနေစဉ်ကတော့ မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုမှုကို တပို့တွဲလပြည့်ညမှာ လုပ်ခဲ့ကြရတယ်။ အပြင်မှာနေရတော့ ဘာသာရေး၊ လူမှုရေးတွေမှာ ဘာလုပ်လုပ် စတိသာလုပ်နိုင်တယ်။
၂၀၁၈ ခုနှစ်ကတော့ သနပ်ခါးတုံးလေးတွေကို အိမ်မှာရှိတဲ့ဒါးနဲ့စိတ်ခွဲရတဲ့အလုပ်ကို ကြိုးစားပမ်းစားလုပ်တာ၊ ဘယ်ဘက်လက်ညှိုး တချက်ထိသွာလို့ ပလာစတာကပ်ထားရသေးတယ်။
ကျွန်တော်က ခွဲစိတ်ဒါးသာ ကိုင်တတ်တာ။ ဘုရားစင်ရှိတဲ့အခန်းမှာလည်း မီးခိုးနဲ့ မီးတောက်ကို ဒေါ်မြမြအေးက ရေတခွက်နဲ့ စောင့်ရသေးတယ်။
၂၀၂၅ ခုနှစ်တပို့တွဲလပြည့်နေ့ကတော့ ဖဖေါ်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှကျရောက်မယ်။
မြန်မာပြည်ကဘုရားတွေမှာ သနပ်ခါးမီးသင်းတဲ့ အနံ့တွေ မွှေးကြိုင်ပါစေသတည်း။
မြန်မာ့ယဉ်ကျေးမှုဓလေ့ကောင်းတွေ တည်မြဲပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment