သမီးက အိမ်မှာ စမ်းလုပ်တာ။ စောစောကစာ ၂ ပုဒ် ရေးနေရင်းစားလိုက်တယ်။
ကျွန်တော်တို့ငယ်ငယ်က မုံရွာ၊ ရတနာပုံရပ်ကွက်ထဲမှာ အိမ်ဆိုင်တခုကနေ လိုချင်တာ ဝယ်ကြရတယ်။ ညီအကိုတတွေ တလှည့်စီ။ ကရေကရာလည်း ပါတယ်။ ဒါးလှီးမုံ့လည်းပါတယ်။ သကြားခွေလည်းပါတယ်။
ငါးကြီးသားခြောက်လည်းပါတယ်။ ဒုံးခြောက်နဲ့ လက်ဖက်ခြောက်ကိုတော့ ဈေးဟောင်းတောင်ဘက်ထိ သွားဝယ်ရတယ်။
ကျွန်တော်က ချိုချိုအိအိကို ကြိုက်တယ်။ ဖန်ဖန်ခါးခါးလည်း ကြိုက်တယ်။ ငန်ငန်စပ်စပ်လည်း ကြိုက်တယ်။
ချဉ်တာတော့ တယ်မကြိုက်။ အခုတော့ မာတာလည်း မကြိုက်နိုင်တော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment