Skip to main content

ကုန်ဈေးနှုန်းကျအောင် ဆုတောင်းကြစို့

ဆရာခင်ဗျာ စိတ်တိုင်း(ကြ)ကအမှန် လား (ကျ)လား။ မင်းတို့ငါ့ကိုအား(ကြ) နေပြီမဟုတ်လား၊ (ကျ)လားခင်ဗျာ။ ချစ်ခင်လေးစားစွာဖြင့်။ 

ကျ နှင့် ကြ https://burmese-spelling.blogspot.com/2024/02/blog-post_23.html

အင်တာနက်လိုင်းတွေ မကောင်းအောင်လုပ်ထားခံနေရတာကြောင့် ဖေ့စ်ဘုတ်လည်းဝင်ကြည့်လိုက်ရင် သတင်းအဟောင်းတွေပဲဖြစ်နေလို့ မကြည့်ဖြစ်တော့ တစ်တော့ပဲသုံးနေတာပါဆရာခင်ဗျာ။ ဒီနေ့ ၃၀ရက်ည ၉နာရီမီးပြန်လာလို့ ဖေ့စ်ဘုတ်ဝင်ကြည့်တာရလို့ မက်ဆင်ဂျာကိုဝင်ကြည့်မိတော့ ဆရာရဲ့စာကိုတွေ့ရလို့ ဝမ်းသာလိုက်တာဗျ။ စာပြန်ပေးလာလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ 

ဟုတ်။

ကျွန်တော်မန္တလေးကပါခင်ဗျာ။ သတ်ပုံအမှန်တွေတင်ပြပေးနေလို့ ကျွန်တော်သိချင်တဲ့စာလုံးပေါင်းသတ်ပုံရှိရင် ဆရာရဲ့စာတွေဝင်ဖတ်နေကြပါခင်ဗျာ။အခုတော့ အရင်လိုဖေ့စ်ဘုတ်ကြည့်ရတာ အဆင်မပြေတော့လို့ သိချင်တဲ့စာလုံးပေါင်းသတ်ပုံအမှန်ဆရာဆီမေးကြည့်တာပါ။ ဒီနေ့ညကြတော့ လိုင်းကကောင်းနေတာဗျာ မြန်မာစာကို ပျက်စီးအောင် တမင်တကာကို သတ်ပုံအမှားတွေရေးတင်နေကြသူတွေအများစုဟာ ဗမာတွေချည်းပဲလို့ဆရာပြောခဲ့တာအမှန်ပဲဗျ။

ဟုတ်။

မန္တလေးလို့ ရေးတာ မှန်။ 

စောစောက ဗိုလ်တထောင်ကို စသတ်ထားတာတခုတွေ့လို့ တင်ပြလိုက်သေးတယ်။ ဗိုလ်တထောင်သားတွေတော့ မဟုတ်လောက်ဘူး ထင်တယ်။

မန္တလေးကို မန်းလေး လို့ရေးသူတွေကလည်း မန္တလေးသား အစစ်တွေ မဟုတ်လောက်။ ဟိုနယ်ကလာ ဒီနယ်ကလာကြတဲ့ ပျံကျတွေ ဖြစ်မယ်။

ပျံကျ = နေရာ၊ အလုပ်အကိုင် အတည်တကျမရှိဘဲ ကြုံသလိုနေထိုင် လုပ်ကိုင်သူ။  

Prayers - The Catholic Crusade

ဒေါက်တာတင့်ဆွေ

Comments