Skip to main content

Corrections နမူနာ ၁၀၀ ကျော်

1. ၀ဠ်ကြွေးက မသေးဘူး - ဝဋ်ကြွေးက မသေးဘူး 

2. ၂ ထုတ် - ၂ ထုပ်လို့ ရေးရ။

3. 40နားနီးပေမယ့် - ဖေါ်တီးနားနီးပေမယ့်

4. Snow ကြတယ် - Snow ကျတယ်

5. ကျိုးစား - ကြိုးစား။

6. ကြက်နှရွက်မှို - ကြွက်နားရွက်မှို

7. ကြာဇံ - ကြာဆံ + ကြာဆန်။

8. ကြာသာပတေး - ကြာသပတေး

9. ကိုယ်ကြိုက်တဲ့ပုံဆံမျိုးစုံလေးတွေလုပ် - ပုံစံလို့ ရေးရ။

10. ကိုယ်ကိုတိုင် - ကိုယ်ကိုယ်တိုင်၊ ကိုယ်တိုင်လုပ်၊ ကိုယ့်ကိုယ်ကို 

11. ကော်ဖီခွက်တေ  ဖော်ကောင်တေ - ဖုန်းကီးဘုတ်မှာ ဝဆွဲမပါသေးက ထည့်ထားသင့်။

12. ချဉ်ပေါင်နဲ့(ပက်သက်)ပြီးချက်နည်းအစုံ စုစည်းမှု - ချဉ်ပေါင်နဲ့(ပတ်သက်)ပြီးချက်နည်းအစုံ စုစည်းမှု

13. ချဉ်ဖက်စုံ - ချဉ်ဖတ်စုံလို့ ရေးရ။

14. ခွင့်လွတ်ပေးတဲ့သူက နိုင်သူပါ - ခွင့်လွှတ်ပေးတဲ့သူက နိုင်သူပါ 

15. ဂျင်းသေးသေးလေးဆိပ်ထည့် - ဂျင်းသေးသေးလေးစိတ်ထည့်

16. ဂျုံများဖြူးပီး(ပြီး)

17. ဂြိုလ်ကြီး ၆လုံး - ဂြိုဟ်ကြီး ၆လုံးလို့ ရေးရ။

18. ငခူငဆုတ်ကင်ပွန်းချဉ်ချက် - ငခူငဆုပ်လို့ ရေးရ။

19. ငြိမ်းချမ်းရေးတေးသံ လွင့်ပျံပါစေသော - လွင့်ပျံ့ပါစေသော

20. ငွေရှိတိုင်းချက်ခြင်းဝယ်လို့မရတာ - ချက်ချင်းလို့ ရေးရ။

21. ငါးခူကို အမဲတေ အချွဲတေပြောင်အောင်တိုက်နေကြတုန်းဘဲလား - အင်္ဂတေတွေ ပါနေသောငါး။

22. ငါးခေါင်းသောက်စမ်း - ငါးခေါင်းသောက်ဆမ်း

23. ငါးဇယ်ဆုပ်မန်ကျီးသီးချက် - ငါးဖယ်ဆုပ်လို့ ရေးရတယ်။ 

24. ငါးဖယ်အစာသွပ် - အဆာသွတ်လို့ ရေးရ။

25. ငါးသံချိန်အိုးကပ် - ငါးသံချိပ်လို့ ရေးရ။

26. ငါးအသေးလေးတွေကိုဟင်းချက်တဲ့အခါ မကျေသွားစေဖို့ - ကျေမသွားစေဖို့လို့ ရေးရ။ ကျေသွားဆိုရင် 'မကျေ' က ဘယ်သွားသလဲ။ မ'ကျေ' ကြီးတော့ 'ဒေါ်ကျေ'။

27. စကြ်ဝဠာမှာရှိကြကုန်သောလူနတ်ဗြမ္ဗာသတ္တဝါအားလုံး - စကြာဝဠာမှာရှိကြကုန်သောလူနတ်ဗြဟ္မာသတ္တဝါအားလုံး

28. စမှုံမျစ်ကြက်သားချက် ကြေးနီမျစ်သုပ် - မျှစ်လား၊ မြစ်လား မသိပါ။

29. ဆန်တအိပ် - ဆန်တအိတ် 

30. ဆီ အနည်းငယ်ထည့်ပီး(ပြီး) 

31. ဇလုံထမင်း ဘာဟင်းဖြစ်မလည်း (ဘာဟင်းဖြစ်မလဲ) 

32. ညွှန်ပေးကျပါ - ညွှန်ပေးကြပါလို့ ရေးရ။

33. ညီမ2ယောက် = ညီမတူးယောက်

34. တကွင်းဆီတိုဖူးတထုတ် - တထုပ်လို့ ရေးရ။ တကွင်းဆိုတာ ဘာလဲ မသိပါ။

35. တက်နိုင်(တတ်နိုင်)တယ်ဆိုရင်ဖြင့် 

36. တခုချင်းပြန်လှိမ့်ပီး(ပြီး)

37. တင်္နဂနွေ  - တနင်္ဂနွေ

38. တင်္နလာ - တနင်္လာ

39. တစ်သက်မှာ တစ်ခါကျင်းပရတဲ့ မင်္ဂလာပွဲလေးမှာ - ပေးလည်း မရလောက်ဘူးထင်လို့ မပြင်လိုက်ပါ။

40. တထုတ် - တထုပ်လို့ ရေးရ။

41. တဘက်ခါပို့မယ်ပြောတာ - သန်ဘက်ခါ

42. ထမင်းမိန်(ထမင်းမြိန်)စေသော ငါးပိရည် တူံ့စရာ(တို့စရာ)တော့မစုံဘူး

43. ဒညင်းသီး - တညင်းသီးလို့ ရေးရ။

44. ဒညှင်းဆားရေစိမ် - တညင်းဆားရေစိမ်လို့ ရေးရ။

45. ဒီနှစ်ရဲ့နောက်ဆုံးမျစ်နဲ့ မျစ်စကုတ်ချက်စားမယ် - မျှစ်လို့ ရေးရ။ မျစ် ဆိုတာ ပျိုမျစ်။ ပုံအတွက် ကျေးဇူး။

46. ဒီနှစ်သစ်လေးကရင် စပြီး - ဒီနှစ်သစ်လေးက စပြီး / ဒီနှစ်သစ်လေးကနေ စပြီး 

47. ဒုဌဝတီ - ဒုဋ္ဌဝတီ

48. နုနယ်ပျိုမျစ်တဲ့ ဖူးသစ်စအရွယ်။ ပျိုမျစ်ငယ်ရွယ်သော။ နုမျစ်သော။ ပျိုမျစ်နုနယ် ဒီအရွယ် ချစ်ချစ်စဖွယ် သင့်အောင် လေလွင့်ရွက်ဝါသဘော မေ့ ချစ်သောမောင်မောင် 

49. နေ့လည် -  နေ့လယ်။

50. နေ့လည်စာ - နေ့လယ်စာ

51. နေ့လည်စာအဖြစ် စိတ်ကြိုက်ရွေးစားလိုရမဲ့ မန္တလေးရဲ့ အကောင်းဆုံးဆိုင်လေး နေ့လယ်စာလို့ ရေးရ။ 

52. နေ့လည်နေ့ခင်း တစ်ရေးလောက် - နေ့လယ်နေ့ခင်း တရေးလောက်

53. နေ့လည်ရေချိုးပြီးပြီးခြင်း -နေ့လယ်ရေချိုးပြီးပြီးချင်းလို့ ရေးရ။

54. နေ့လည်အဆာပြေအတွက် - နေ့လယ်အဆာပြေအတွက်လို့ ရေးရ။

55. ပစ္စည်းပြတ်တာလေးလို့ ရေးရ။ ပျက်တာတွေ ပြင်ပြီးပြီ။

56. ပန်းကန်တခုထည့်ပီး(ပြီး)

57. ပြန်လယ်တမ်းတအမှတ်ရလျှက်- ပြန်လည်တမ်းတအမှတ်ရလျက်

58. ပဲပုတ်(ပဲပုပ်)ကြော်ရယ်

59. ဖန်ထွေဖျော် - ပန်ထွေဖျော်လို့ ရေးရ။

60. ဖုဘလောကာ လက်ရာ - အတော် စဉ်းစားယူရပါသည်။

61. ဘာမှမချက်ထားဘူး - ဘာမှချက်မထားဘူး

62. ဘုရားကျောင်း နှခုတွဲလျှက်ရှိနေတာ - နှစ်ခုလို့ ရေးရ။

63. ဘုရားတရား များများလုပ်ပါ။ သေချာတာ 'တစ်ခု'က

64. ဘဲအုပ်ကတစ်ရာနှစ်ရာ - ဘဲအုပ်ကတရာနှစ်ရာ

65. မကျေသွားဆိုရင် 'မကျေ' က ဘယ်သွားသလဲ။ မ'ကျေ' ကြီးတော့ 'ဒေါ်ကျေ'။

66. မသောက်သွားတဲ့ - မသောက် ဘယ်ကိုသွားသနည်း။

67. မှားနေတဲ့စက်ဝိုင်းကို လူကြိုက်များတယ်။ အမှန်ကိုသာ တင်ပြပါမယ်။

68. မှာယူသုံးဆောင်နိူင်ပါပီရှင် - ပါပီအား တရိုတသေပြောဆိုခြင်း။

69. မုံညှင်းချဥ်ကြော်တို့ဖြင့်လောင်းလှူကုသိုလ်ပြုပါ၏ - မုန်ညင်းချဉ်လို့ ရေးရ။

70. မုန့်ဗိုင်းတောင့်/မုန့်ဘိန်းတောင့်လား - မုန့်ဗိုင်းတောင့်

71. မုန့်ပြားသလက် - မုန့်ပျားသလက်လို့ ရေးရသည်။

72. မုန့်ဖက်ထုတ် - မုန့်ဖက်ထုပ်

73. မုန်ညင်းချဉ် ရှယ်မှရှယ်မွေးမွေးချဉ်ချဉ်လေး - မုန်ညင်းချဉ် ရှယ်မှရှယ်မွှေးမွှေးချဉ်ချဉ်လေး

74. မုန်ညှင်းချဉ် - မုန်ညင်းချဉ်လို့ ရေးရ။

75. မူရင်းစက်ဝိုင်းမှာ တလွှာ ၄ လုံးနဲ့ရေးထားတယ်။ အခုစက်ဝိုင်းမှာ စသတ်နဲ့ ၄ လုံး။ သံသရာမှာ ၄ ခါတစ်နေမည်။

76. ယဉ်ကျေးမှု့ - ယဉ်ကျေးမှု မှာ အောက်မြစ် မလိုအပ်ပါ။

77. ရှမ်းဆန်စီးစီး(စေးစေး) မွှေးမွှေးနဲ့

78. ရှမ်းပဲပုတ်- ရှမ်းပဲပုပ်လို့ ရေးရ။ 

79. ရှေ့ခုနှစ်ရွာ နောက်ခုနှစ်ရွာ မီးခိုးတိတ်ပေါ့ - ရှေ့ခုနစ်ရွာ နောက်ခုနစ်ရွာ လို့ ရေးရ။

80. ရိုက်ပေးသူရှိတုန်း ဓတ်ဖမ်း - ဓါတ်ဖမ်း (ဓာတ်ဖမ်း)

81. ရေစွတ်(ဆွတ်)ပြီး

82. လယ်လယ်သွား ဘူလိုက်မလဲ - မလယ်လယ် ဘယ်ကိုသွားလည်ပါသလဲ။ 

83. လုမှာဆိုးလို့  - လုမှာစိုးလို့

84. လူကြီးသွေးလွန်တုတ်ကွေး - သွေးလွန်တုပ်ကွေးလို့ ရေးရ။

85. လူတရက်စာနီးနီးမုန်ညင်းပင်တွေ - လူတရပ်စာမုန်ညင်းပင်တွေ

86. သက်သက်လွတ်ဆိုရင်တော့ - သက်သတ်လွတ်

87. သက်သက်လွှတ်(သက်သတ်လွတ်) ဟင်းလေး တင်ပေးထားပါတယ် 

88. သင်္ဇာကျော် - သဉ္ဇာကျော်

89. သဘက်ခါ - သန်ဘက်ခါလို့ ရေးရ။

90. သဘောကြလို့ - သဘောကျလို့ ရေးရ။ သူတို့သဘောကျတာကို စားကြသည်။

91. သယ်ရင်း - သယ်ရင်းပိုးရင်း ဖြစ်နိုင်သည်။

92. သရဲအခြောက်ခံခဲ့ရတဲ့ အဖစ်ပျက်လေး - အဖြစ်ပျက်လေးလို့ ရေးရတယ်။ စ်ဆိုတာ လူနာမည်။ ဥပမာ ဦးဖစ်၊ ဒေါ်ဖစ်၊ ကိုဖစ်၊ မဖစ်၊ ဖစ်လမ်း။

93. သိရင်ညွှန်ပေးကျပါ - သိရင်ညွှန်ပေး ကြ ပါ

94. သုတ်စား - သုပ်စားလို့ ရေးရ။ အသုပ်စားပြီး လက်သုတ်သုံးပါ။ ပုံအတွက် ကျေးဇူး။

95. သူ့ရဲ့ ချစ်ခင်လေးစားမှူ့ သူ့မိဘတွေရဲ့ ချစ်ခင်မှူ့ပါ ခံရတော့ 

96. သူ့အထုတ်နဲ့သူလာတဲ့သမီးငယ်လေး - သူ့အထုပ်နဲ့သူလာတဲ့သမီးငယ်လေး

97. သောက်ကြာ - သောကြာ

98. သောင်္ကြာ - သောကြာ

99. ဟင်းရည်ထဲမှာ ဝက်အစုတ်၊ အသဲ - ဟင်းရည်ထဲမှာ ဝက်အဆုတ်၊ အသဲ

100. ဟင်းအမယ်စူံတူန်းလေး - ဟင်းအမယ်စုံတုန်းလေး

101. အကြော်ရောင်းတဲ့ကြီးကြီးက အရမ်းကိုစားကောင်းပြီး - ကြီးကြီးရောင်းတဲ့အကြော်က အရမ်းကိုစားကောင်းပြီး

102. အချိန်ကုန်လူပင်ပမ်းသက်သာစေတဲ့ဟင်းခက်အမွှေးအကြိုင်အမှုန့်စုံ

103. အချေအနေ - အခြေအနေလို့ ရေးရတယ်။

104. အစာပြေကောင်းကောင်းအရသာရှိရှိ - အဆာပြေလို့ ရေးရ။

105. အစာသွပ်(အဆာသွတ်)ရန် 

106. အထုတ်ဆွဲ - အထုပ်ဆွဲ

107. အနာဂါတ် - အနာဂတ် မှာ ရေးချ မလိုပါ။ 

108. အနောက်ကိုပြန်ကြည့်ရင် အလုပ်နဲ့ခရီးသွားလိုက် အလုပ် လုပ်လိုက် - နောက်ကိုပြန်ကြည့်ရင် အလုပ်နဲ့ခရီးသွားလိုက် အလုပ် လုပ်လိုက်

109. အန္တရယ် - အန္တရာယ်

110. အာရုံဆွမ်း - အရုဏ်ဆွမ်း

111. အာလူးကတ်သလိတ် - အာလူးကတ်တလိတ်လို့ ရေးရ။

112. အိမ်တွင်းမှု့ - အိမ်တွင်းမှု။ အောက်မြစ်အပို မလိုပါ။ မှုဆိုရင် ပြည့်စုံမှန်ကန်ပါတယ်။

113. အဲ့မြို့ရောက်တာနဲ့ - အဲ့မြို့ ကို မသိပါ။ အမ်းမြို့တော့ သိတယ်။

Why We Hate Correction, But Need to Love It | Be Broken

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ