တတ် နဲ့ တက် စာအောက်မှာ။ ကျွန်တော့အမည်နဲ့ ကိုက်တတ်သည်ဆိုရင် မှန်သလားတဲ့။ Block လိုက်တယ်။
၂။ အမျိုးသမီးအမည်နဲ့ အကောင့်တခုကို Block လိုက်ပါသည်။
သူက ဘူး နဲ့ ဖူး ဘယ်သူကရေးရေး မှားသတဲ့။ တင်ပြထားတဲ့စာထဲမှာ မဟာစည်ဆရာတော်ကြီး။ Block လိုက်တယ်။
Block ရသူပေါင်း တထောင်ကျော်ပြီ။ စာရင်းလည်း ရှိတယ်။ ၁၀၀၀ ကျော်တော့ မှတ်မထားအားတော့ပါ။
ဘလော့ရသူတွေဆိုတာ -
၁။ အကောင့်အတုများ။
၂။ ဆဲရေး ရိုင်းစိုင်းကြသူများ။
၃။ မပို့ပါရန်ဆိုတာတွေကို ၂ ခါမက ပို့ကြသူများ။
၄။ အရေးအသား အသံထွက်၊ စာလုံးပေါင်း၊ သတ်ပုံ အမှန်တွေကို အထောက်အထားနဲ့တင်ပြထားကို ပေါ်လစီသတ်ပုံတခုလောက်ကိုသာ သင်ဘူး၊ ဖတ်ဘူးသူတွေက အတင်းအဓမ္မလာငြင်းကြသူများ။
၅။ နိုင်ငံရေးအရောင်ကြောင့် ဘလော့ရသူ ရှားတယ်။ မြန်မာစာ များတယ်။
၆။ မြန်မာစာအတွက် ဘလော့ရသူတွေထဲမှာ ဘလော့ထားလည်း ပြန်ပေါ်လာနိုင်စွမ်းရှိသူတွေလည်း ပါတယ်။ ဖေ့စ်ဘွတ် မြန်မာအပေါ်မှာ သြဇာအာဏာလည်း ရှိကြတယ်ထင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment