ကွန်မင့်တခု = ငါးရာနှစ်ဆဲ့ရှစ်ဆိုတာ မှားနေပါတယ်၊ မြန်မာ ကိန်းဂဏန်း ရေတွက်ပုံအရ ခု၊ ဆယ်၊ ရာ လို့ပဲ ရေတွက်ပါတယ်၊ ခု၊ ဆဲ့၊ ရာ လို့မရေတွက်ပါ
ခေတ်ကောင်းစဉ်ကထုတ်ထားတဲ့ မူရင်းစာကို ကိုယ်ထင်သလို မပြင်ပါ။ ခေတ်ပျက်တော့ စာအုပ်ကောင်းတွေကို မှားအောင်ပြင်ထုတ်နေကြတယ်။
ဆဲ့ ရော ဆယ့် ပါ ရေးခဲ့ကြတယ်။
(၁)
တနင်္လာကျား၊ တဆယ့်ငါး၊ နေငြားရှေ့ရပ်က။
(၂)
ဖေဖော်ဝါရီ ဆဲ့သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ
တထောင့်ကိုးရာ တဆဲ့ငါး ရှေ့နေ ဦးဖာသား
(၃)
ပရမတ္ထသံခိပ်ကျမ်း
စာမျက်နှာ ၁၀
တဆဲ့ကိုးဖြာ
စာမျက်နှာ ၂၇
တဆဲ့ကိုး
တဆယ် အာဒိ
ဆဲ့ ဆယ့် https://burmese-spelling.blogspot.com/2024/06/blog-post_210.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment