မက်ဆေ့ချ်တခု = ပလေးစတိုးထဲကဒေါင်းလို့ရတဲ့အဘိဓာန်တွေတော့ရှိပြီးသားပါခင်ဗျ
သတ်ပုံမှန်တာ တခုလေမျှမပါလောက်။ ဆောရီး။
'ဒေါင်းလုတ်' သူများ။
'လိုက်ခ်' များ။
သို့သော် သူ့အရပ်နဲ့ သူ့ဇာတ်။
မှန်အောင်ရေးတာကို မဖတ်တတ်တဲ့ စာဖတ်သူတွေအတွက် စာအုပ်တွေကို မှန်အောင် မရေးရ။
မှန်အောင်ရေးတဲ့ကြော်ငြာစာကို မဖတ်တတ်တဲ့ ဈေးဝယ်သူသူတွေအတွက် မှန်အောင်ရေးသားပြီး မရောင်းသင့်။
သာဝကတွေအကျိုးငှာ မှန်အောင်ရေးတဲ့တရားစာအုပ် မထုတ်သင့်။
အုပ်စိုးသူတွေနဲ့ လူထုထဲမှာ ပေါ်လစီနောက်လိုက်သူများလွန်းလို့ တိုင်းပြည်ကြီးသည်လည်း ပေါ်လစီလမ်းကြောင်းပေါ်မှာ ခါးကော့လျက်။
သုနမကျောပြင်မှာတော့ ဒဏ်ရာတွေနဲ့။
ထို့ကြောင့် ကျွန်ုပ်ပို့ပေးသည့် သတ်ပုံမှန်အဘိဓာန်ကို ဖျာအောက်မှာသာ ထားပါလေ။
မြန်မာပြည်ကို ဖရီးဒေါင်းလုတ် ဖြစ်၏။ ခေတ်မကောင်းသေး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment