Skip to main content

ဗူးသီးနုနုမခူးရ


ကျေးဇူးတင်ပါတယ်ဆရာ။ ဗူးသီးလို့ရေးနေကြတာမှန်ပါသလားရှင်။ ကျမကတော့ ဘူးသီး လို့ရေးနေလို့ပါ။

ဗူး = ချက်ပြုတ်စားသောက်ရသည့် အသားပြည့်သော အများအားဖြင့် လည်တိုင်ခေါင်းရှိသော အသီးကြီးများ သီးသည့် နွယ်ပင်တမျိုး။

ထည့်သိုရန် အသုံးပြုရသော ဗူးသီးခြောက်အခွံ။ စုဗူး။ ဆေးဗူး။ ပေါင်ဒါဗူး။ မီးခြစ်ဗူး။

ဗူး

ခံဗူးကုထုံး

ခံဗူးရွာ

ဆေးဗူး 

ဗူးခါး

ဗူးခါးရေ

ဗူးဆင်စွယ်

ဗူးဆင်စွယ်

ဗူးဆို့

ဗူးဆို့

ဗူးဆို့

ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲ

ဗူးတား

ဗူးတောင်း

ဗူးတောင်း

ဗူးနွယ်

ဗူးပင်၊

ဗူးဘုရား

ဗူးဘုရား 

ဗူးမျော

ဗူးမှုတ်

ဗူးမှုတ်

ဗူးလုံးနားမထွင်း

ဗူးလေးရာ ဖရုံဆင့်

ဗူးသွင်း

ဗူးသွင်းသည်

ဗူးသီး

ဗူးသီးကြော်

ဗူးသီးငါးပေါင်းကြော် 

ဗူးသီးနုနု မခူးရ

ဗူးသီးလည်ခတ်

ရေဗူး

- ဖြူနီဝါပြာတေးသံသာများ: တွံတေးဥမ္မာထွေး - ဗူးသီးနုနုမခူးရ

- ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။

ဘူး

ကြားဘူးနားဝ (အငြင်း မဟုတ်)

ထောင်ဘူးဝ (နောက်သတ်ပုံ)

နဘူးနွယ်ပင်

ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)

ဘူးကွယ်သည်

ဘူးခံ (နောက်သတ်ပုံ)

ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)

ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)

ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)

ဘူးသပိတ်ပင် (နောက်သတ်ပုံ)

မကြားဘူး

မဖြစ်ဖူးဘူး (နောက်သတ်ပုံ)

မမြင်ဘူး

မရောက်ဘူး

မလိုက်ဘူး (နောက်သတ်ပုံ)

ပုံ = လူသိများသည့် ဗူးပင်၏ အသီးအရွက် အပွင့်များ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၈၊ စာမျက်နှာ ၁၃)

ဗူး နဲ့ ဘူး ဋီကာ https://burmese-spelling.blogspot.com/2022/11/blog-post_6.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ