ကတော်က ဘာကြောင့် ဂဒေါ်လို့ အသံထွက်ရတာလဲဆရာ မသိလို့မေးတာပါဆရာ
(က) ကတော့
၁။ ကတော့ (ဂဒေါ့)
အဝကျယ်လျက် အောက်ခြေပြွန်တံသို့ ရှူးသွားအောင် ပြုလုပ်ထားသည့်ခွက်။
၂။ ဖက်ရွက်၊ စက္ကူ စသည်ကို ယင်းကဲ့သို့ ပြုလုပ်ထားသော အပေါက်မပါသည့် ခွက်။
၃။ ဆံပင် စသည် စွပ်ရန် ရွှေပြား၊ ငွေပြား စသည်တို့ကို ပြုလုပ်ထားသော အလိပ်။ (မွန်)
(ခ)
ကတော် (အသံထွက် ဂဒေါ်)
၁။ ဂုဏ်ရှိသူ၏ မယား။
၂။ မြန်မာမင်းများ သဒ္ဓာတော်မူ၍ မှူမတ်မယား အချို့ကို ပေးသော ဘွဲ့။ (မွန်)
(ဂ)
ကန်တော့ (အသံထွက် ကဒေါ့)
၁။ လက်အုပ်ချီ၍ ဦးညွှတ် အရိုအသေပြုသည်။
၂။ အပြစ်ရှိကြောင်း၊ တောင်းပန်စကား ပြောကြားဝန်ချသည်။
၃။ လှူဘွယ်ဝတ္ထုမရှိ၍ နှုတ်ဖြင့် အယဉ်အကျေးစကားကို လှူသည်။ (မွန်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment