Skip to main content

ဗိုလ်တထောင်ဘုရားသည် ဗိုလ်တထောင်ဘုရားသာ ဖြစ်၏

ကွန်မင့်တခု = စနစ်ဟောင်းဆယ်တန်း စာမေးပွဲမှာ မြန်မာစာမေးခွန်းကို ၂၀၁၉ တုန်းက ပုံစံပြောင်းပြီးမေးတယ်ရှင့် ဆရာ အဲ့ဒီထဲမှာ ပေးထားတဲ့ စကားလုံးနှစ်ခုထဲက သတ်ပုံအမှန်ကို ရွေးရတဲ့ မေးခွန်းပါပါတယ် အဲ့ဒီတုန်းက စာမေးပွဲအမှတ်ပေးစည်းမျဥ်းက "တစ်"နဲ့ပါရှင့် တ နဲ့ မသင်ခဲ့ရပါ ခေတ်စနစ်အလိုက် လူတွေက လိုက်လျောညီထွေနေကြရတာမလို့ တ ကို တစ် လို့ပြောင်းလိုက်တဲ့ ခေတ်နောက်မှာမွေးတဲ့ကလေးတွေကျတော့ တစ် ကအမှန်လို့ထင်သွားအောင် ကျောင်းတွေကအစ သင်ကြားပေးခဲ့တာမလို့ သူတို့ရဲ့ "တစ်" အစွဲကို ဆရာ နားလည်ပေးလို့ရနိုင်မယ်ထင်ပါတယ်ရှင့်။

ဟုတ်။

တ ကနေ တစ် ပြောင်းတာ ၁၉၈၆ ခုနှစ်ကတည်းကဖြစ်ပါတယ်။ 

နားလည်တာနဲ့ အမှန်အမှား ခွဲခြားတာတော့ မတူပါ။ ခေတ်လူငယ်တွေ ဂျင်း ဝတ်တာနဲ့ စာကို တမင်တကာ မှားအောင်အရေးခိုင်းတာ မတူပါ။ 

စာမေးပွဲမှာ သင်ပေးထားတဲ့အတိုင်း ဖြေမှသာ အမှတ်ရမယ်။ ကျွန်တော်ထောက်ပြသလို မဖြေရလို့ မကြာမကြာ သတိပေးပါတယ်။ 

ဆရာဆရာမတွေလည်း မူရင်းအမှန်အတိုင်းသင်ကြရင် အလုပ်ထိခိုက်မယ်။ စာအုပ်ထုတ်ချင်လည်း တဝမ်းပူရှိရှိသမျှကို စသတ်နဲ့ပြင်ထုတ်ပါလိမ့်မယ်။

ဘယ်လိုဘဲ အမိန့်နဲ့ပြောင်းခိုင်းသည်ဖြစ်စေ ဗိုလ်တထောင်ဘုရားဟာ ဗိုလ်တထောင်ဘုရားသာ ဖြစ်တယ်။

အခုထိတော့ ဗိုလ်တထောင်ဘုရား အမည်တော်သစ်ဆိုင်းဘုတ် မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ