- ဟိုမှာလည်း လူသစ်တွေ လူဟောင်းတွေနဲ့ တွေ့တော့ စကားပြောဖြစ်တယ်။
- ပုံထဲမှာတော့ ကိုယ့်ပုံကိုယ်တောင် မရှာတတ်။
ကွန်မင့်တခု
၁။ လူဟောင်းတွေနဲ့တွေ့တော့ စကားပြောဖြစ်ကြတယ် (ဖြစ်သင့်)။
၂။ "ကိုယ့်ပုံကိုတောင် မရှာတတ်" သို့မဟုတ် "ကိုယ့်ပုံကို ကိုယ်တောင် မရှာတတ်" (ရေးသင့်)။
ပြန်ကြားစာ
(၁)
စကားပြောဖြစ်တယ် နဲ့ ပြောကြတယ် မတူပါ။
ကြ ကို မြန်မာစာမှာ အင်္ဂလိပ်စာလို အများသုံးတိုင်းမှာ ထည့်လေ့မရှိပါ။
တခြားသူတွေရေးထာတာ နမူနာ -
- သူငယ်ချင်း ၂ယောက်ထမင်းအတူစားသောအခါ ဟင်းတွေအစုံပါပဲရှင့်
- သူငယ်ချင်း ၃ယောက် အတူစားခဲ့ရသော ထမင်းထုပ်လေးများ
- ညီအမနှစ်ယောက် ရုပ်ချင်းတူတယ်။
- ကလေးတွေ အိပ်သွားပြီ။
(၂)
ကိုယ့်ပုံကို ကိုယ်တိုင်ရှာသည်။
စာရေးဖြစ်လို့ ကျေးဇူး။
(၃)
ကျေးဇူးတင်ပါသည်။ ကျေးဇူးတင်ရှိပါသည်။ ကျေးဇူးဥပကာရတင်ပါကြောင်း လို့ မရေးတော့ပါ။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment