Skip to main content

ငလျင်ကြီးသတင်း

ဖြစ်တာပျက်တာတွေနဲ့ သတင်းတွေ အလွန်အရေးကြီးနေချိန်မှာ ကျွန်တော်လည်း ထုံးစံအလုပ်ဖြစ်တဲ့ အမေး-အဖြေတွေ လုပ်ရပါတယ်။ ကျန်းမာရေးနဲ့ သတ်ပုံစာတွေ။ ၁၀ ပုံ ၁ ပုံလောက်သာ တင်ပါတယ်။

ဒီလိုအချိန်ကြီးမှာ အဲလိုစာတွေ တင်ရကောင်းလားလို့ ဆဲဆိုသူတွေ မနည်းပါ။ Block ရသူ လူ ၂၀ လောက်ရှိတယ်။

သူတို့တင်ကြတာတွေမှာ မတိကျတာ၊ လွဲတာ၊ မှားတာတွေကို တွေ့လို့ မသေချာတွေ၊ မမှန်တာတွေ၊ မတင်သင့်ကြောင်း ထောက်ပြတော့ လာပြန်တယ်။

ဘာမှ မတင်တာနဲ့စာရင် အပျက်အစီးသတင်းနဲ့ပုံ ဘာတင်တင်ကောင်းသတဲ့။

ဒုက္ခရောက်နေသူတွေကို ကူညီရာ မရောက်ပါ။ အမှားတွေက အမှန်တွေကို ဖုံးကွယ်ရာကျတယ်။

ဆရာဝန်တယောက်ကို ပြောပြတော့ -

ဟာ လူနာကို ဆေးအတုနဲ့ ကုရမှာလားလို့ ပြန်ပြောပါတယ်။

ဆေးအတုလိုမျိုး အားကိုးလိုသူတွေ၊ သတင်းမမှန်တာကို အဟုတ်ထင်မှတ်သူတွေ၊ အမှားဖြန့်ချိသူတွေ တယ်များနေပြီဘဲ။

နိုင်ငံရေးသတင်းတွေမှာလည်း အဲလိုလူတွေ များနေတယ်။

အခြေခံစဉ်းစားမှုလေးတောင်မှ လွဲနေသူတွေများလာတာ တိုင်းပြည်အတွက် မကောင်းပါ။

အမှား အားကိုးသူမျိုးဆိုတာ အမှန်နဲ့ မတွေ့နိုင်။

ဒေါက်တာတင့်ဆွေ

Comments