တချို့မေးတာတွေကို ၁၀ခါ၊ အခါ ၂၀ တင်ပြထားပြီးသား။
ကွန်မင့်နေရာကနေ မေးရင် ပြန်ဖြေရတာ အပ်ကြောင်းထပ်နေပါတယ်။
ကွန်မင့်နေရာမှာ တလုံးစနှစ်လုံးစသာ သင့်တယ်။
တချို့ကလည်း နာရီပိုင်းအတွင်းက တင်ပြီးသား လာမေးကြတယ်။
တချို့က တင်ထားတာထဲမှာ ပါနေတာကို မေးကြတယ်။
တကယ်သိလိုသူတွေ မက်စင်ဂျာကနေ မေးရင် ပြည့်ပြည့်စုံစုံ ဖြေလို့ရတယ်။
သိချင်တာကတော့ ကောင်းတယ်။ အားပေးတယ်။
ပညာရှာတယ်ဆိုတာ ပေါ့ပေါ့တန်တန် မလုပ်သင့်ပါ။
ကျွန်တော် စာတပုဒ်ရေးဘို့ တခါတခါ တနာရီ၊ တခါတခါ တရက်ကြာတယ်။
ကိုယ်ပိုင်စာလုံးပေါင်းရယ်လို့ မရှိပါ။ လက်တန်းဖြေနိုင်တာက နည်းတယ်။ အကိုးအကား၊ အထောက်အထားတွေ လိုက်ရှာရတယ်။
Blog မှာ၏ အားလုံးတင်ထားတာရှိပါတယ်။
https://burmese-spelling.blogspot.com/
ဒေါက်တာတင့်ဆွေ

Comments
Post a Comment