အလွယ်စဉ်းစားရငတော့ သံဃာစင်မှာထိုင်နေကြတဲ့ သံဃာဦးရေ ၅ ပါးရှိတယ်။ သံဃာစင်ပြိုကျမယ်။ မမှန်ပါ။
ငါးပါးမှောက် အဓိပ္ပါယ်
"ငါးပါး မှောက်ပါပြီ" လို့အလွယ်တကူ ပြောဆို သုံးနှုံးနေကြသည်။ တချို့က "ငါးပါးမကပါ သံဃာစင်ပါ မှောက်မှောက်" ဆိုပြီး ပြောဆိုနေကြသည်။ မမှန်ပါ။
"ငါးပါး" ဟူသော အဓိပ္ပါယ်မှာ ခန္ဓာငါးပါးဖြစ်သည်။ သက်ရှိခြင်းတူသောငြား တိရိစ္ဆာန်များက မှောက်လျက်သွားလာကြသည်။
ရှေးပညာရှိ လူကြီးမိဘများက ခန္ဓာကိုယ်ဖြောင့်သော်လည်း စိတ်မှောက်တဲ့လူကို "လူ့တိရိစ္ဆာန်" ဟုတိုက်ရိုက် မပြောဆိုဘဲ "ငါးပါးမှောက်သူ" လို့ ပြောဆို သုံးနှုံးခြင်းဖြစ်ပါသည်။
ရှာဖွေကူးယူတင်ပြခြင်းသာ ဖြစ်ပါသည်။
စကားပုံတွေကို က ကနေ အ အထိ တင်ပြထားပါတယ်။ blog မှာလည်း တင်ထားတယ်။
Proverbs စကားပုံများ (သ) https://dr-tint-swe.blogspot.com/2021/12/proverbs_86.html
Proverbs စကားပုံများ (အ) https://dr-tint-swe.blogspot.com/2021/12/proverbs_63.html
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment