၁။ ငါးပါးမှောက်တယ် ဆိုတဲ့ အဓိပ္ပါယ်လေး ရှင်းပြပေးပါဆရာ။
၂။ မရှင်းတယ့်(တဲ့)စကားပုံလေး ပြောပြပေးပါအုံး။ ငါးပါးတင်မဟုတ်ဘူး တံငါးဇဉ်(သံဃာစင်)ပါမှောက်မယ်ဆိုတာနဲ့၊ ငါးပါးတင်မဟုတ်ဘူး သံဃာဇဉ်(သံဃာစင်)ပါမှောက်မယ် ဘယ်ဟာကအမှန်လည်း(လဲ) အဓိပ္ပာယ်လေးရှင်းပြပါအုံး။
(၁)
အလွယ်စဉ်းစားရင်တော့ သံဃာစင်မှာထိုင်နေကြတဲ့ သံဃာဦးရေ ၅ ပါးရှိတယ်။ သံဃာစင်ပြိုကျမယ်။ မမှန်ပါ။
ငါးပါးမှောက် အဓိပ္ပါယ်
"ငါးပါး မှောက်ပါပြီ" လို့အလွယ်တကူ ပြောဆို သုံးနှုံးနေကြသည်။ တချို့က "ငါးပါးမကပါ သံဃာစင်ပါ မှောက်မှောက်" ဆိုပြီး ပြောဆိုနေကြသည်။ မမှန်ပါ။
"ငါးပါး" ဟူသော အဓိပ္ပါယ်မှာ ခန္ဓာငါးပါးဖြစ်သည်။ သက်ရှိခြင်းတူသောငြား တိရိစ္ဆာန်များက မှောက်လျက်သွားလာကြသည်။
ရှေးပညာရှိ လူကြီးမိဘများက ခန္ဓာကိုယ်ဖြောင့်သော်လည်း စိတ်မှောက်တဲ့လူကို "လူ့တိရစ္ဆာန်" ဟုတိုက်ရိုက် မပြောဆိုဘဲ "ငါးပါးမှောက်သူ" လို့ ပြောဆို သုံးနှုံးခြင်းဖြစ်ပါသည်။
(၂)
ကာမ ၁၁ ဘုံ၊ ဗြဟ္မာဘုံ ၂၀တည်းဟူသော ၃၁ ဘုံမှာ ပကတိမျက်စိနှင့်မြင်နိုင်သော ဘုံနှစ်ခုသာရှိပါသည်။
လူ့ဘုံနှင့်တိရိစ္ဆာန်ဘုံတို့ပါပဲ။
လူ့ဘုံမှသတ္တဝါတို့သည် မတ်တပ်အနေအထားနှင့် လမ်းသွားကြပါသည်။
တိရစ္ဆာန် ဘုံသားတို့သည် မှောက်လျက်(လေးဘက်ထောက်) လမ်းသွားကြပါသည်။
မျောက်၊ မျောက်ဝံ၊ လူဝံ၊ ဝက်ဝံတို့မတ်တပ်ရပ်နိုင်ပေမဲ့ တကယ်တမ်းလမ်းသွားရင် လေးဘက်ထောက်သွားကြပါတယ်။
ခန္ဓာ ၅ပါးရှိသူတိုင်ဟာ ဒုက္ခသစ္စာမှန်ပေမဲ့ မတ်တပ်လမ်းသွားတဲ့ လူ့ဘုံ ကဒုက္ခထက် မှောက်လျက်လမ်းသွားတဲ့ တိရိစ္ဆာန်ဘုံသားတွေရဲ့ဒုက္ခက အစပေါင်းမြောက်များစွာ ဆိုးရွားတယ်ဆိုတာ သတိပြုမိကြမှာပါ။
တိရစ္ဆာန်ဘုံသားတွေဟာ လူဘုံသားတွေကို အသား၊ ခွန်အား၊ ဦးချို၊ သာရေ၊ အဆီတွေနဲ့၊ အလုပ်အကြွေးပြုနေကြရတာပါ။
မောဟတရားကြီးရင် တိရစ္ဆာန်ဘုံကိုရောက်တယ်။
မိမိလူ့ဘဝရတုန်း
အနိစ္စ =မမြဲခြင်း
ဒုက္ခ =ဆင်းရဲခြင်း
အနတ္တ =အစိုးမရခြင် ဆိုတဲ့ လက္ခဏာရေးတရားတွေမေ့ပြီး
ငါ့လင်
ငါ့မယား
ငါ့သမီး
ငါ့သား
ငါ့မြေး
ငါ့ပစ္စည်းဆိုတဲ့ငါစွဲးတွေနဲ့သေရင် တိရစ္ဆာန်ဘုံရောက်မယ်။
တိရစ္ဆာန်ဘုံမှာ ခန္ဓာ၅ပါးမှောက်လျက် အနေအထားနဲ့ လူသားတွေကို ခန္ဓာနဲ့ရင်းပေးဆပ်ရမယ်ဆိုတာကို ရှေးကပညာရှိဆရာတော်ကြီးတွေက တပည့်ဒကာ ဒကာမတွေကို ဆုံးမခဲ့တဲ့စကားဖြစ်ပါတယ်။
ဒကာဒကာမအပေါင်းတို့လည်း ငါးပါးမမှောက်ရလေအောင် သတိတရားလက်ကိုင်ထားပြီး နေ့စဉ် အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေး တရားတွေကို ရှုမှတ်ဆင်ခြင်ပွါးများအားထုတ်ပြီး အသေမဦးခင် ဉာဏ်ဦးနိုင်ကြပါစေ။ (မိုးကုတ်ဆရာတော်ကြီး)
ရှာဖွေကူးယူတင်ပြခြင်းသာ ဖြစ်ပါသည်။
စကားပုံတွေကို က ကနေ အ အထိ တင်ပြထားပါတယ်။ blog မှာလည်း တင်ထားတယ်။
Proverbs စကားပုံများ (သ) https://dr-tint-swe.blogspot.com/2021/12/proverbs_86.html
Proverbs စကားပုံများ (အ) https://dr-tint-swe.blogspot.com/2021/12/proverbs_63.html
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment