Skip to main content

The Globe ကမ္ဘာပတ်လည်

သတိရတဲ့အခါ မအိပ်ခင်မှာ မေတ္တာပို့ပါတယ်။ ပျက်ကွက်တဲ့ရက်တွေလည်းရှိတယ်။ ဒီနေ့ ကျန်းမာရေးမေးသူတွေ၊ မက်ဆေ့ချ် နဲ့ ကွန်မင့်ရေးကြသူတွေ၊ တင်ထားတဲ့စာတွေကိုဖတ်ကြသူတွေဆီကို အရင်ပို့တယ်။

အရပ်မျက်နှာအလိုက် ပို့တာ၊ ၄၊ ၈၊ ၁၀ မျက်နှာ။ တခါတခါ ကမ္ဘာမြေပုံကြီးကို စိတ်ကူးပြီးပို့တယ်။ ကျွန်တော်က ပထဝီလည်းဝါသနာပါတယ်။ အီကွေတာမျဉ်းနဲ့ ဂရင်းနစ်မျဉ်းတို့ ဆုံတဲ့နေရာမှာ ရပ်နေပြီး ပို့နည်းလည်း စမ်းကြည့်လေ့ရှိတယ်။

ပြည်ပနိုင်ငံရေးလုပ်ခဲ့စဉ်က နယူးဒေလီမှာနေခဲ့ပြီး တခြားတိုင်းပြည်တွေအများကြီးကို ခရီးတွေထွက်ခဲ့ရတယ်။ အဖွဲ့ရုံးရှိတဲ့ အမေရိကကိုသွားတဲ့အခါ ဒေလီကနေ အနောက်အရပ်ထွက်ပြီး ဥရောပကတဆင့်ဖြစ်ဖြစ် အရှေ့အလယ်ပိုင်း နိုင်ငံတခုက ဖြစ်ဖြစ်သွားရတယ်။ တခါတခါ မြောက်အရပ်ထွက်ပြီး မော်စကိုကတဆင့်။ ခရီးစဉ်တခုမှာ အရှေ့ဖက်မှာရှိတဲ့ ဂျပန်ကနေ၊ မြောက်အမေရိကတိုက်ရဲ့ အနောက်ဖက်စွန်းက လော့စ်အင်းဂျဲလိစ်၊ နောက်ဆက်ပြီး ရှေ့စွန်းနားက ဝါရှင်တန်ဒီစီကို သွားရတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းက သြစတေးလျကိုလည်းရောက်တယ်။ တောင်နားက သီရိလင်္ကာနဲ့ မြောက်ဘက် ကပ်နေတဲ့ နီပေါလ်နဲ့ တရုပ်ပြည်လည်းရောက်တယ်။ 

နေတဲ့မြို့ကနေ အရှေ့ အနောက် တောက် မြောက် သွားရတာပါ။ အလုပ်တွေပြီးတာနဲ့ နယူးဒေလီပြန်လာတယ်။ အပြန်ခရီးအားလုံးက ပြောင်းပြန်။

စပိန်နိုင်ငံသား ဖာဒီနန်မာဂျယ်လန်ဟာ တောင်အမေရိကတိုက် တောင်ဘက်စွန်းအထိ ရောက်တယ်။ မာဂျယ်လန် ရေလက်ကြားလို့ ခေါ်တယ်။

မာကိုပိုလိုဟာ အီတလီကနေ ခရီးတွေထွက်တာ ဟိုအရှေ့ဖျားက တရုပ်ပြည်ကိုရောက်တယ်။

နယူးဇီလန်န်ိုငံသား အဒ်မွန်ဟယ်လာရီနဲ့ နီပေါလူမျိုး တန်ဇင်းတို့ဟာ ၁၀၅၃ ခုနှစ်မှာ ဧဝရက်တောင်ထိပ်ကို ပဌမဦးဆုံး ရောက်ခဲ့ကြတယ်။ သူတို့က အောက်အနေ အထက်ကို တက်ကြတာ။

ကမ္ဘာကြီးက လုံးဝန်းနေတာမို့ အရပ်တခုကို တည့်တည့်သွားရင် စထွက်တဲ့နေရာကို ပြန်ရောက်တယ်။ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် စိတ်ကူးယဉ်ဝတ္ထုကို ၁၈၇၃ ခုနှစ်ကတည်း ပြင်သစ်စာရေးဆရာ ဂျူလီဗန်းကရေးထားတာ။ 

မေတ္တာပို့ကြသူတွေ ဘယ်အရပ်မျက်နှာတွေကိုပို့ပို့ ကမ္ဘာကြီးလုံးဝန်းနေသလို ပို့တဲ့သူဆီကို ပြန်လာပါတယ်။ မေတ္တာရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

၂၇-၃-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ