တင်ထားတာတခု = ထို့ကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့ တကိုယ်လုံး ငရဲသို့ကျခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ (မဿဲ 5: 29)
ခရစ်ယာန်ကျမ်းစာမှာ တကိုယ်လုံး၊ အင်္ဂါတခု ရေးတာတွေ မှန်၏။
- ခရစ်ယာန်ကျမ်းစာ တချို့ မှန်အောင်ရေးနေကြ၏။
- ခရစ်ယာန်ကျမ်းစာ တချို့ မှားရေးနေကြ၏။
- ဗုဒ္ဓဘာသာတရားစာ တချို့ မှန်အောင်ရေးနေကြ၏။
- ဗုဒ္ဓဘာသာတရားစာ တချို့ မှားရေးနေကြ၏။
ကောက်ချက်
စာကို မှန်အောင်ရေးတတ်ခြင်း၊ မရေးတတ်ခြင်းသည်
- ကိုးကွယ်ရာဘာသာနှင့် သက်ဆိုင်ခြင်း မရှိ။
- လူမျိုးစုနဲ့လည်း သက်ဆိုင်ခြင်းမရှိ။
- အသက်အရွယ်နဲ့လည်း သက်ဆိုင်ခြင်းမရှိ။
- ဘယ်တိုင်းပြည်မှာနေထိုင်သလဲနဲ့လည်း သက်ဆိုင်ခြင်းမရှိ။
- နာမည်ကြီး မကြီးနဲ့လည်း သက်ဆိုင်ခြင်းမရှိ။
- အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းနဲ့လည်း သက်ဆိုင်ခြင်းမရှိ။
စာကို စနစ်တကျသင်ယူသူဖြစ်ခြင်း မဖြစ်ခြင်းအပေါ်မှာ မူတည်၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment