(ကူးတင် ပြန်ထုတ်သူများက သတ်ပုံတွေကို မှားအောင်ပြင်ထားကြတယ်။ မလုပ်ကောင်းပါခင်ဗျား။)
မြီးဆံဖွားဖွား ပြေးခုန်လွှား
ရှဉ့်ငယ်အများ ရှဉ့်အများ။
ပြေးကာလိုက်ကာ ပျော်စရာ
ကွယ်ရာသစ်ခေါင်း ဝင်လို့အောင်း
ရှဉ့်ငယ်အပေါင်း ရှဉ့်အပေါင်း။
တပင့်တပင် ကူးလိုချင်
လျင်လျင်ခုန်ဝဲ ကိုင်းကိုဆွဲ
ရှဉ့်ငယ်ခပဲ ရှဉ့်ခပဲ။
လာကြည့်စမ်းပါ နံနက်ခါ
ပျော်မှာမယွင်း သူငယ်ချင်း
ရှဉ့်ငယ်တသင်း ရှဉ့်တသင်း။ (မင်းသုဝဏ်)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment