သမီးနာမည်ကို - သဒ္ဒါဖြူ / - သဒ္ဓါဖြူ ဘယ်နာမည်ကိုပေးလိုက်ရမလဲဆရာ။ နာမည်မှာ ဘယ်ဟာကိုသုံးတာပိုမှန်မလဲ
သဒ္ဒါ = Grammar
သဒ္ဓါ = Faith, Generosity,
သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။
ဆရာ့မြေးအကြီးဆုံးက သဒ္ဓါဆွေ။ သောကြာသမီး။
ကမ္ဘောဇ ရေး - နန်းတော်ရှေ့ ဆရာတင် ဆို - လေဘာတီမမြရင်
စမ်း… စမ်း…
ကြည်ကြည်လင်လင်
တောကြိုထဲ တောကြားက
စီးကျပါတဲ့ ရေသွင်သွင်
သနားစရာ့ တနေဝင်
ရေသွင်သွင်
ရှမ်းမကလေး ပန်းအားပြေ
စိတ်အတွေးယဉ်ယဉ်
မမြရင် တမ်းတသရှင်
ဤသို့ပုံအသွင်
ဪ ဪ ဪ ဪ
မျှော် မျှော် မျှော် မျှော်
ပဝါကလေးသိုင်းလို့
ပလိုင်းကိုတဲ့လွယ်စေချင်
နန်းရှေ့ကိုကြီးတင်က
ခင်နှမ လေဘာတီကိုဆင်
သိန္နီနယ် လားရှိုးက
ရွာဖြိုး အုံ့ဆင်
ခါမိုးဟုတ်မထင်
ရွာဖြိုးအုံ့ဆင်
ကမ္ဘောဇ ကုန်းမတ်မဟီ
ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ်
မြောင်ဖီလာ ကန္တာစုံခြေလှမ်း
တောထဲကပန်းကို
အို… မနမ်းကောင်းဘူးလားရှင်
မာလာ အိုင်တွင်
ဘယ်သူ ကမှ မပြုမပြင်
ကြာညိုပန်းလို အို
ရိုးရိုးလေးနဲ့ ယဉ်
သဒ္ဓါကြည်လင် ပါတီရင်
တောထဲမှာတော့ တောပျော်သူပါရှင်
သဒ္ဓါကြည်လင် မယ်ပါတီရင်
တောထဲမှာတော့ တောပျော်သူပါရှင်
တောစကားကို တောရောက်ရင်
တောပျောက်သတဲ့
ကောင်းပါပြီ ရှင်ရှင်
မောင့်ပါတီ ရင်ရင်
ကိုကိုနဲ့ တွေ့ရတယ်
ဗိုလ်ကေနဲ့တွေ့ခဲ့ရတယ်
မပြောပါဘူးရှင်
သဘောဖြူ နဂိုယဉ်
တောသူ အပျိုစင်
နောက်တော့လဲ သိကောင်းပါရဲ့ရှင်
သဘောဖြူ နဂိုယဉ်
တောသူ အပျိုစင်
နောက်တော့လဲ သိကောင်းပါရဲ့ရှင်
ဪ ဪ ဪ ဪ
မျှော် မျှော် မျှော် မျှော်
ပဝါကလေးသိုင်းလို့
ပလိုင်းကိုတဲ့လွယ်စေချင်
နန်းရှေ့ကိုကြီးတင်က
ခင်နှမ လေဘာတီကိုဆင်
သိန္နီနယ် လားရှိုးက
ရွာဖြိုး အုံ့ဆင်
ခါမိုးဟုတ်မထင်
ရွာဖြိုးအုံ့ဆင်
ကမ္ဘောဇ ကုန်း/ဂုတ်မြတ်မဟီ
ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ်
စီ… မံ… ထူးခြား
တောသူပီပီ
တောခြေတွင်
တောစခန်း တောလမ်း တောပန်း
သင်းညံ့ညံ့ နှင်းပျံပျံ ဆင်းနံ့နံ့
မှုန်တရီ မှောင်မှောင်ချယ်
ခေါင်ဘုရင် မောင်မောင်ရှင်
တောင်သဇင်ပန်းကို
ရှောင်တခင်ဖမ်းလို့
လက်လှမ်းယူစေချင်
မြပါတီရင် လှတာကြည်လင်
ဪ ကျမကတော့
ကြည့်တိုင်း အင်မတန်ယဉ်
မြပါတီရင် လှတာကြည်လင်
ဪ ကျမကတော့
ကြည့်တိုင်း အင်မတန်ယဉ်
ဪ ဪ ဪ ဪ
မျှော် မျှော် မျှော် မျှော်
ပဝါကလေးသိုင်းလို့
ပလိုင်းကိုတဲ့လွယ်စေချင်
နန်းရှေ့ကိုကြီးတင်က
ခင်နှမ လေဘာတီကိုဆင်
သိန္နီနယ် လားရှိုးက
ရွာဖြိုး အုံ့ဆင်
ခါမိုးဟုတ်မထင်
ရွာဖြိုးအုံ့ဆင်
ကမ္ဘောဇ ကုန်း/ဂုတ်မြတ်မဟီ
ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ်။ ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment