Skip to main content

သဒ္ဓါကြည်လင် မယ်ပါတီရင် တောထဲမှာတော့ တောပျော်သူပါရှင်

(သဒ္ဒါ သဒ္ဓါ)

သမီးနာမည်ကို - သဒ္ဒါဖြူ / - သဒ္ဓါဖြူ ဘယ်နာမည်ကိုပေးလိုက်ရမလဲဆရာ။ နာမည်မှာ ဘယ်ဟာကိုသုံးတာပိုမှန်မလဲ

သဒ္ဒါ = Grammar

သဒ္ဓါ = Faith, Generosity, 

သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။

ဆရာ့မြေးအကြီးဆုံးက သဒ္ဓါဆွေ။ သောကြာသမီး။

ကမ္ဘောဇ ရေး - နန်းတော်ရှေ့ ဆရာတင် ဆို - လေဘာတီမမြရင် 

စမ်း… စမ်း…

ကြည်ကြည်လင်လင်

တောကြိုထဲ တောကြားက

စီးကျပါတဲ့ ရေသွင်သွင်

သနားစရာ့ တနေဝင်

ရေသွင်သွင်

ရှမ်းမကလေး ပန်းအားပြေ

စိတ်အတွေးယဉ်ယဉ်

မမြရင် တမ်းတသရှင်

ဤသို့ပုံအသွင်

ဪ ဪ ဪ ဪ

မျှော် မျှော် မျှော် မျှော်

ပဝါကလေးသိုင်းလို့

ပလိုင်းကိုတဲ့လွယ်စေချင်

နန်းရှေ့ကိုကြီးတင်က

ခင်နှမ လေဘာတီကိုဆင်

သိန္နီနယ် လားရှိုးက

ရွာဖြိုး အုံ့ဆင်

ခါမိုးဟုတ်မထင်

ရွာဖြိုးအုံ့ဆင်

ကမ္ဘောဇ ကုန်းမတ်မဟီ

ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ်

မြောင်ဖီလာ ကန္တာစုံခြေလှမ်း

တောထဲကပန်းကို

အို… မနမ်းကောင်းဘူးလားရှင်

မာလာ အိုင်တွင်

ဘယ်သူ ကမှ မပြုမပြင်

ကြာညိုပန်းလို အို

ရိုးရိုးလေးနဲ့ ယဉ်

သဒ္ဓါကြည်လင် ပါတီရင်

တောထဲမှာတော့ တောပျော်သူပါရှင်

သဒ္ဓါကြည်လင် မယ်ပါတီရင်

တောထဲမှာတော့ တောပျော်သူပါရှင်

တောစကားကို တောရောက်ရင်

တောပျောက်သတဲ့

ကောင်းပါပြီ ရှင်ရှင်

မောင့်ပါတီ ရင်ရင်

ကိုကိုနဲ့ တွေ့ရတယ်

ဗိုလ်ကေနဲ့တွေ့ခဲ့ရတယ်

မပြောပါဘူးရှင်

သဘောဖြူ နဂိုယဉ်

တောသူ အပျိုစင်

နောက်တော့လဲ သိကောင်းပါရဲ့ရှင်

သဘောဖြူ နဂိုယဉ်

တောသူ အပျိုစင်

နောက်တော့လဲ သိကောင်းပါရဲ့ရှင်

ဪ ဪ ဪ ဪ

မျှော် မျှော် မျှော် မျှော်

ပဝါကလေးသိုင်းလို့

ပလိုင်းကိုတဲ့လွယ်စေချင်

နန်းရှေ့ကိုကြီးတင်က

ခင်နှမ လေဘာတီကိုဆင်

သိန္နီနယ် လားရှိုးက

ရွာဖြိုး အုံ့ဆင်

ခါမိုးဟုတ်မထင်

ရွာဖြိုးအုံ့ဆင်

ကမ္ဘောဇ ကုန်း/ဂုတ်မြတ်မဟီ

ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ်

စီ… မံ… ထူးခြား

တောသူပီပီ

တောခြေတွင်

တောစခန်း တောလမ်း တောပန်း

သင်းညံ့ညံ့ နှင်းပျံပျံ ဆင်းနံ့နံ့

မှုန်တရီ မှောင်မှောင်ချယ်

ခေါင်ဘုရင် မောင်မောင်ရှင်

တောင်သဇင်ပန်းကို

ရှောင်တခင်ဖမ်းလို့

လက်လှမ်းယူစေချင်

မြပါတီရင် လှတာကြည်လင်

ဪ ကျမကတော့

ကြည့်တိုင်း အင်မတန်ယဉ်

မြပါတီရင် လှတာကြည်လင်

ဪ ကျမကတော့

ကြည့်တိုင်း အင်မတန်ယဉ်

ဪ ဪ ဪ ဪ

မျှော် မျှော် မျှော် မျှော်

ပဝါကလေးသိုင်းလို့

ပလိုင်းကိုတဲ့လွယ်စေချင်

နန်းရှေ့ကိုကြီးတင်က

ခင်နှမ လေဘာတီကိုဆင်

သိန္နီနယ် လားရှိုးက

ရွာဖြိုး အုံ့ဆင်

ခါမိုးဟုတ်မထင်

ရွာဖြိုးအုံ့ဆင်

ကမ္ဘောဇ ကုန်း/ဂုတ်မြတ်မဟီ

ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ်။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ