၂။ အိပ်ပျော်သွားလိုက်မယ်
အိပ်ပျော်သွားလိမ့်မယ်လို့ ရေးရ။
၃။ ဆရာခင်ဗျာ မလှိမ့်တပတ် လား မလိမ့်တပတ် လား သိပါရစေ။
မလိမ့်တပတ် = မအီမသာလိမ်လည်လှည့်စားလျက်။ အဆက်အသွယ်ကိုကြားကဖြတ်ပြီးမလိမ့်တပတ်လုပ်နေကြတာကိုး။ သံသွေး၊ ဒု။ ၃၈၈။
"မလိမ့်တပတ်၊ မလုံမလဲ"
လိမ့်
လှိမ့်၍လိမ့်
သွားလိမ့်မည်
လိမ့်လည်း
လိမ့်အောင်လှိမ့်
ကင်းစပ = ကွယ်ပျောက်သည်။ ပျက်သုဉ်းသည်။ “ထိုမဟော်သာ၊ ရောက်တို့ပါက၊ တို့မှာလာဘ၊ ရောင်ဝါ ပ လိမ့်။”
လှိမ့် = လိမ်လည်လှည့်ပတ်သည်။ ကြိုက်လုံးကလေးများပေး၍ မလိမ့်တစ်ပတ်နှင့် လှိမ့်သွားရာတွင်။
လှိမ့်ဝင်တည်သုံး စဉ့်အိုးအဆောင် အကြောင်း
ကျင်းလှိမ့်ခြင်းသည် ကစားနည်းတမျိုး ဖြစ်၏။ ကျင်းထဲသို့ လောက်စာလုံး (သို့) လုံးဝန်းသော အရာတခုခုကို လှိမ့်ထည့်၊ ပစ်ထည့်ကာ ကစားရသည့် ကစားနည်း ဖြစ်၏။
အားဆေးတွေ လှိမ့်သောက်၊ အစာကို မစားချင်လည်း လှိမ့်စားနေပါတယ်။
လိုက်
ဆန်းလိုက်ဆပ်ပြာ
လိုက်ခဲ့
လိုက်စား
လိုက်ညီ
လိုက်နာ
လိုက်ပါဆောင်ရွက်
လိုက်ပို့ပေးမယ်လို့ ရေးရ။
လိုက်ဖမ်း
လိုက်ရေးပါ
လိုက်လံရှာဖွေ
လိုက်လျော
လိုက်လာ
လိုက်လိုက်ခဲ့တော့ကွယ်
လိုက်လုပ်ပါ
လိုက်သွား
လိုတ်ပို့ပေးမယ်
အလိုက်အထိုက်
လိတ်
ကျိတ်ကျိတ်လိတ်လိတ်
မလိတ်စိန်တပ်
အင်္ဂလိတ် (ယုဒသန်)
လိပ်
စက္ကူလိပ်
ဆေးလိပ်
နေရပ်လိပ်စာ
ဖျာလိပ်
ဗိုင်းလိပ်တံ
လိပ်ကျည်ပင်
လိပ်ကျည်သတ္တဝါ
လိပ်ကျောက်မြီး
လိပ်ခုံးမိုး
လိပ်ခဲတင်းလင်း၊
လိပ်ခဲတဉ်းလည်း၊
လိပ်ခဲတည်းလည်း၊
လိပ်ဆူးရွှေပင်
လိပ်တုံး (ရက်ကန်း)
လိပ်ပတ်လည်အောင်ပြောပါ
လိပ်ပြာ
လိပ်ပြာစဉ်
လိပ်သည်းကျောက်
လိပ်သတ္တဝါ
လိပ်ဥ
သည်းခြေသလိပ်
သူ့အမည်ကို
သည်ရွာ သည်ရပ်၊ သည်ပါးစပ်တွင်
အမှတ်တရ၊ လွမ်း၍ တ,လိမ့်။
ရယ်ဖွယ် ပြုံးဖွယ်၊ ချစ်ခင်ဖွယ်နှင့်
လွမ်းဖွယ်အဖြစ်၊ ပြောပ,ရစ်လိမ့်။ (တင်မိုး)
ကနေ့ခေတ်မြန်မာစာ လိပ်ကြီးပက်လက်လှန်ထားသလို
ဒေါက်တာတင့်ဆွေ

Comments
Post a Comment