Skip to main content

ညွန့် ညွှန် ညွှန်း

၁။ ဆရာရေ့ ညွန့် နဲ့ ညွှန့် ပြောပေးပါအုန်းရှင့် (မှတ်ပုံတင် အိမ်ထောင်စုထဲလို စာရွက်စာတန်းမျိုးကျတော့လေ ညနဲ့ ဝဆွဲနားမှာမှင်ပြတ်ခဲ့ရင် ညွှန့် ဖြစ်တာကို ရစ်လို့ ပြန်ပြောချင်လို့)

၂။ ဆရာရှင့် ညွန့် နဲ့ ညွှန့် အသုံးကွဲပုံလေးရော ရှင်းပြပေးပါရှင့် လူနာမည် သူဇာညွန့် ကို စာလုံးပေါင်း ညွန့်နဲ့ပေါင်းတာလား ညွှန့် ဟထိုးပါပါသလားရှင့် ကျေးဇူးတင်ပါတယ်ရှင့် 

ညွန့် ရှိ။

ညွှန် ရှိ။

ညွှန်း ရှိ။

ညွှန့် မရှိ။ 

ညွန့်

ခဝဲညွန့်

စည်သူဦးညွန့် 

ညွန့်လန်းရတုချနည်း

ညွန့်ဝင်း၏ရုပ်ရှင်ဇာတ်ကားများ

တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်

ဘူးညွန့် 

မညွန့် ညွန့်

မြန်မာညွန့်အဖွဲ့

မေတ္တာညွန့် အကြော်ဆိုင် 

မောင်မောင်ညွန့် 

ရွှေတိုင်ညွန့်

ညွှန်

လက်ညှိုးညွှန်

ညွှန်ကြားချက်

လက်ညှိုးစသည်ဖြင့်ထိုး၍ပြသည်။ သွားလေရာရာလက်ညှိုးညွှန်သော်။ ဏိပုံ။ ၂၅၇။

ညွှန်ပြ 

ညွှန်ပြချက်

လမ်းညွှန် 

ဦး​ဆောင်​ ညွှန်​ကြား​ရေးမှူး

နှလုံးသား စေညွှန်ရာ

ညွှန်း

ညွှန်း = ကိုးကားဖော်ပြသည်။ ညွှန်ပြသည်။ ပညာရေးအဖွဲ့ကညွှန်းသောပညာရေးကိစ္စများနှင့်။ တိုင်းရင်း။ ၃၅။

ပြန်ညွှန်းများ

သိကြားစေသက်သေညွှန်း (၁၉၆၃) = စာရေးဆရာရန်အောင်မောင်မောင်၏ ကြမ္မာရဟတ်တပတ်လည်သော ဝတ္ထုအား ဒါရိုက်တာဦးသုခက ၁၉၆၃တွင် ထိပ်တန်းသရုပ်ဆောင်များဖြင့်ရိုက်ကူးခဲ့သည်။

ဖူးစေချင်ညွှန်း မြတ်မော်တင်စွန်း

ကုန်ညွှန်းအမှတ်အသား

ညွှန်းစေရာ

ညွှန်းရာဘက်သို့ လိုက်သည်

စာအုပ်ညွှန်း 

ရည်ညွှန်း

အမှားများ

- ကြက်ခြေထောက် ဘူးညွှန့် ဆူးပုပ် သောက်ဆမ်း မှား။ ဟထိုးမပါရ။

- ကိုယ့်ကျွန်ခံဇတ်သွင်း ညွှန့် ဝင်း မှား။ ဟထိုးမပါရ။

- စုံတောမြိုင် — ရွှေတိုင်ညွှန့် မှား။ ဟထိုးမပါရ။

- ဆရာရွှေတိုင်ညွှန့် မှား။ ဟထိုးမပါရ။

- တာမွေမြို့နယ်မေတ္တာာညွှန့်ရပ်ကွက်ရှိ ၂ လွှာ တိုက်ခန်း မှား။ ဟထိုးမပါရ။

- တောဆူးပုပ်ညွှန့်လေးတွေ စားဖူးကြလားရှင် မှား။ ဟထိုးမပါရ။

- ဘူးညွှန့် မှား။ ဟထိုးမပါရ။

- ဘူးညွှန့်နှင့် ငါးကြော်တွဲချက်နည်း မှား။ ဟထိုးမပါရ။

- မင်္ဂလာတောင်ညွှန့် ပုသိမ်ညွှန့်ရပ်ကွက် မှား။ ဟထိုးမပါရ။

- မင်္ဂလာဗျောညွှန့် - စိန်ဗေဒါ မှား။ ဟထိုးမပါရ။

- မြန်စာညွှန့် ပ တွဲ (ဦးကျော်ထွန်း) မှား။ ဟထိုးမပါရ။

- မေတ္တာညွှန့်တရားပွဲ မှား။ ဟထိုးမပါရ။

- မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ် မှား။ ဟထိုးမပါရ။

- မောင်မောင်ညွှန့် မှား။ ဟထိုးမပါရ။

- ရာသီစာ ကောက်ကောက်ညွှန့်များ မှား။ ဟထိုးမပါရ။

- လှေကလေး၊ တေးရေး-ရွှေတိုင်ညွှန့် မှား။ ဟထိုးမပါရ။

- အောင်ကောင်းညွှန့်ရွာ၊ ကဝမြို့နယ်၊ မှား။ ဟထိုးမပါရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ