ဒေါင်းတလိတ်ပန်းဆိုတာ ရွာက ခြံစည်းရိုးတွေအပေါ် နွယ်တက်နေတဲ့ ပင်ပြော့ နွယ်ပင်လေးပါ။ အပွင့်က အစိမ်းဖြော့ဖြော့လေး၊ ပြီးတော့ ပန်းခိုင်လေးက အခုလိုတွဲလျားကျပြီးအမြဲပွင့်တာ ဂွေးတောက်ပန်း နဲ့ မှားချင်စရာ။ ဒါပေမည့် သူ့ အရွက်သားလေးတွေက နု့ညံတယ် ပါးတယ်။ ခွေးတောက်ကတော့ မာကြောတယ်။ ဒေါင်းစရစ်ပန်းကိုတော့ အပွင့်လေးတွေ အသီးနုလေးတွေခူးပြီးကြော်စားကြတယ် ရွာကမိန်းမငယ်လေးတွေက မွေးသော ဒီပန်းလေးတွေကို ခူးပြီးပန်ကြတယ်။
ဒေါင်းတလိတ်ပန်းလေးတွေမှာ ရာဇဝင်ရှိတယ်။
ဒီပန်းကို မင်းသမီး လှိုင်ထိပ်ခေါင်တင် ပန်ခဲ့တဲ့ပန်းလို့ ရာဇဝင်ထဲက စာအရ သိရတယ်။ ကိုယ်သိပ်ချစ်ရတဲ့သူက ကိုယ့်အပေါ်အလေးမထား အခြားသူတယောက်အပေါ် အလေးထားကာ အကြင်နာပို နေရင်၊ မိန်းမသားတယောက်အဖို့ ဘယ်လောက် ခံစားနေရတယ်ဆိုတာ သက်သေပြဖို့ ဒီပန်းကို တမင်ပန်ဆင်ခဲ့တယ်။ စိမ်းကားတာကိုပြဖို့ အင်္ကျီစိမ်း ထမီအစိမ်း မြနဋောင်းနဲ့၊ ဒီပန်းကိုပန်ရင်း နန်းတော်ဆီ ဝင်ခဲ့တယ်။ အစိမ်းရောင်ပန်းကို ရည်ရွယ်ချက်ရှိရှိ ပန်ရင်း သိပ်ချစ်ခဲ့ရတဲ့ ကနောင်မင်းသားကို ကွာရှင်းခွင့် တောင်းခဲ့တယ်လို့ ဆိုပါတယ်။ (Kothet Naing Oo)
ဒေါင်းတလိတ်ပန်းအမည် အပြောင်းမခံရပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment