Skip to main content

ဖတ်စာ ၁၀

(၁၉၆၀ ခုနှစ်က မူလတန်း မြန်မာဖတ်စာ)

မြူခိုး ဝေရီ

နွေရာသီ

ဖူးစီ မြသွေး

လေချိုအေး။

လာခဲ့ကြပါ

တို့တောရွာ

ရေကာတာ ဘေး

ရေ ဖွေးဖွေး။

မကွဲ မကွာ

အတူ တကွ။

ကျေးတော မြို့ရွာ

ငွေစ ငွေန။

ခွေးသွား ခွေးစွယ်

ရေခိုး ရေငွေ့။

လူငယ် လူရွယ်။

ပျော်ပျော် မွေ့မွေ့။

ကြိုးကို ခွေထားပါ။

ခွေးကလေး ကစားနေ၏။

နွယ်ကြိုးကို စီးမလား။

သခွါးသီး ခူးပြီးပြီ။

ရေနွေးအိုး ဆူပြီလား။

မိုးတဖွဲဖွဲ ရွာနေ၏။

နွားကို ရေချိုးပေးသည်။

မှတ်ရန်များ

- အတူ တကွ သည် အတူ 'တစ်'ကွ မဟုတ်။

- မိုးတဖွဲဖွဲ သည် မိုး'တစ်'ဖွဲဖွဲ မဟုတ်။

- 'သခွါးသီး' လို့ရေးတာလည်း မှန်သည်။ တချို့က 'သခွားသီး' လို့သာ အမှန်ထင်နေကြသည်။

- သူငယ်တန်းစာ မကျေပါက မြန်မာစာကို မှန်အောင်မရေးတတ်ကြ။

ဒေါက်တာတင့်ဆွေ

Comments