Skip to main content

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

ဆန်စဥ်ရာကျည်ပွေ့မလိုက်နိုင်လို့ဖတ်ရပါတယ်ဆရာ စင်သွားတဲ့ဆန်နောက်ကို ကျည်ပွေ့ကလိုက်မထောင်းနိုင်ဘူးလို့ နားလည်ထားပါတယ်။ (စဥ်)နဲ့(စင်)ဘယ်စာကအမှန်ပါလဲဆရာ  ရှင်းပြပေးပါ(လေးစားစွာဖြင့်)

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

မောင်း၌ တပ်ဆင်ထားသော ကျည်ပွေ့သည် ဆုံမှ စဉ်ထွက်သမျှ ဆန်စေ့များ၏နောက်သို့ လိုက်၍မထောင်းနိုင်သကဲ့သို့ ပင်မကိစ္စကို လွှတ်ပြီး နှီးနွယ်ရာ အသေးအမွှားကိစ္စများနောက်သို့ လိုက်၍ မလုပ်နိုင်ချေ။ 

"သံကျောက်ကျည်ပွေ့၊ ဆန်စဉ်ရာငါမရွေ့၊ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။" [၁၁၈၁] ဒေဝ။ ၃၀-၃၁။

"ဆန်စဉ်ရာ ကျည်ပွေ့လိုက်ဆိုသလို ဟိုက ဆူရင် ဟိုလိုက်လုပ်၊ ဒီက ဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင်..." [၁၃၀၉] ဗိုလ်ချုပ်မိန့်။ ၃၂၅။

၁။ စဉ် ဆင်အစဉ်ပြေတဲ့အချိန် accept လုပ်ပေးနော် add ထားတာ

အစဉ်သဖြင့် အဆင်ပြေလို့ ရေးရ

၂။ အစဉ်မှ ပြေရဲ့လားလို့ တင်ထားတာတခု တွေ့ပြန်တယ်။ (အဆင်ပြေမှလို့ ရေးရ။) 

၃။ ဆရာ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင် ဆိုတဲ့ စကားပုံမှာ စဉ်ကို ဇဝေဇဝါ ဖြစ်မိပါတယ်။ စဉ်ကိုရေးရာမှာ င သတ်လား ဉ ကလေးသတ်လား ဆိုတာ ရှင်းပြပါဦးဆရာ။ (ဆန်စင်ရာ၊ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်။ သံကျောက်ကျည်ပွေ့၊ ဆန်စဉ်ရာ ငါမရွေ့၊ ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။

၄။ ဘဝဆိုတာ အစဉ်ပြေသလို လှော်ခတ်သွားလာနေကြရတာပါ (အဆင်ပြေသလိုလို့ ရေးရတယ်။ အစဉ်ပြေလို့ပြောရင် စကားမပီရာကျတယ်။ ဆောရီး။)

၅။ မြန်မာစားစရာလေးတွေရတော့ အစဉ်ပြေတာပေါ့ မြန်မာတွေက မြန်မာ့ရိုးရာ အတို့အမြုံ့လေးတွေနဲ့ဆိုတော့ မြန်မာပြည်ကို လွမ်းကြမှာပေါ့နော် (အဆင်ပြေလို့ ရေးရတယ်။ အစဉ်ပြေလို့ရေးနေကြသူတွေ အတော်များတယ်။ အစဉ်ဆိုတာ စဉ်ဆက်မပြတ်၊ အစဉ်သဖြင့်မှာသာ သုံးရတယ်။ အစဉ်ပြေလို့ပြောရင် စကားမပီရာကျတယ်။ ဆောရီး။ အတို့အမြှုပ်လို့ ရေးရတယ်။ လက်ဖက်မြုံ့နေသည်၊ စားမြုံ့ပြန်သည်လို့ရေးရတယ်။)

၆။ ဆန်စဥ်ရာကျည်ပွေ့မလိုက်နိုင်လို့ဖတ်ရပါတယ်ဆရာ စင်သွားတဲ့ဆန်နောက်ကို ကျည်ပွေ့ကလိုက်မထောင်းနိုင်ဘူးလို့ နားလည်ထားပါတယ်။ (စဥ်)နဲ့(စင်)ဘယ်စာကအမှန်ပါလဲဆရာ  ရှင်းပြပေးပါ(လေးစားစွာဖြင့်)

"ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်"

မောင်း၌ တပ်ဆင်ထားသော ကျည်ပွေ့သည် ဆုံမှ စဉ်ထွက်သမျှ ဆန်စေ့များ၏နောက်သို့ လိုက်၍မထောင်းနိုင်သကဲ့သို့ ပင်မကိစ္စကို လွှတ်ပြီး နှီးနွယ်ရာ အသေးအမွှားကိစ္စများနောက်သို့ လိုက်၍ မလုပ်နိုင်ချေ။ 

"သံကျောက်ကျည်ပွေ့၊ ဆန်စဉ်ရာငါမရွေ့၊ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။" [၁၁၈၁] ဒေဝ။ ၃၀-၃၁။

"ဆန်စဉ်ရာ ကျည်ပွေ့လိုက်ဆိုသလို ဟိုက ဆူရင် ဟိုလိုက်လုပ်၊ ဒီက ဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင်..." [၁၃၀၉] ဗိုလ်ချုပ်မိန့်။ ၃၂၅။

လွင့်စဉ်

လွင့်ပျံ့

လွင့်ပြယ်

စဉ် = ကြိယာ = စီတန်းသည်၊

ကွန်းစဉ်တိုင်

စဉ် = သမ္ဗန္ဓ = ပြုဆဲ ဖြစ်ဆဲကိုပြသောစကားလုံး၊

စဉ်တိုက်

စဉ်တိုက် ဆက်တိုက်

စဉ်နက္ခတ်

စီစဉ်သည်

တံစဉ် (တစဉ်)

နေ့စဉ်မှတ်တမ်း

ပျက်အစဉ် ပြင်ခဏ

ဖိတ်စဉ်သည်

မင်းစဉ်မင်းဆက်

လွင့်စဉ်

သွားစဉ် လာစဉ်

အစဉ်မပြတ်

အစဉ်မသင့် (အစီအစဉ် မသင့်၊ အဆင်မသင့် မဟုတ်)

အစဉ်အလာ

အစီအစဉ်

စင်

ကင်းစင်

စင်ကြယ်

စင်စစ်

စင်ပြိုင်

စင်ရော်ငှက်

စင်္ကြံလျှောက်

စာအုပ်စင်

ထမ်းစင်

ပစ္စင်ရင်တား

ဖြူစင်သော

ဗူးစင်

မစင်ကျင်ကြီး

ယက်ကန်းစင်

ရေအိုးစင်

အပျိုစင်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...