Skip to main content

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

ဆန်စဥ်ရာကျည်ပွေ့မလိုက်နိုင်လို့ဖတ်ရပါတယ်ဆရာ စင်သွားတဲ့ဆန်နောက်ကို ကျည်ပွေ့ကလိုက်မထောင်းနိုင်ဘူးလို့ နားလည်ထားပါတယ်။ (စဥ်)နဲ့(စင်)ဘယ်စာကအမှန်ပါလဲဆရာ  ရှင်းပြပေးပါ(လေးစားစွာဖြင့်)

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်

မောင်း၌ တပ်ဆင်ထားသော ကျည်ပွေ့သည် ဆုံမှ စဉ်ထွက်သမျှ ဆန်စေ့များ၏နောက်သို့ လိုက်၍မထောင်းနိုင်သကဲ့သို့ ပင်မကိစ္စကို လွှတ်ပြီး နှီးနွယ်ရာ အသေးအမွှားကိစ္စများနောက်သို့ လိုက်၍ မလုပ်နိုင်ချေ။ 

"သံကျောက်ကျည်ပွေ့၊ ဆန်စဉ်ရာငါမရွေ့၊ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။" [၁၁၈၁] ဒေဝ။ ၃၀-၃၁။

"ဆန်စဉ်ရာ ကျည်ပွေ့လိုက်ဆိုသလို ဟိုက ဆူရင် ဟိုလိုက်လုပ်၊ ဒီက ဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင်..." [၁၃၀၉] ဗိုလ်ချုပ်မိန့်။ ၃၂၅။

၁။ စဉ် ဆင်အစဉ်ပြေတဲ့အချိန် accept လုပ်ပေးနော် add ထားတာ

အစဉ်သဖြင့် အဆင်ပြေလို့ ရေးရ

၂။ အစဉ်မှ ပြေရဲ့လားလို့ တင်ထားတာတခု တွေ့ပြန်တယ်။ (အဆင်ပြေမှလို့ ရေးရ။) 

၃။ ဆရာ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင် ဆိုတဲ့ စကားပုံမှာ စဉ်ကို ဇဝေဇဝါ ဖြစ်မိပါတယ်။ စဉ်ကိုရေးရာမှာ င သတ်လား ဉ ကလေးသတ်လား ဆိုတာ ရှင်းပြပါဦးဆရာ။ (ဆန်စင်ရာ၊ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်။ သံကျောက်ကျည်ပွေ့၊ ဆန်စဉ်ရာ ငါမရွေ့၊ ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။

၄။ ဘဝဆိုတာ အစဉ်ပြေသလို လှော်ခတ်သွားလာနေကြရတာပါ (အဆင်ပြေသလိုလို့ ရေးရတယ်။ အစဉ်ပြေလို့ပြောရင် စကားမပီရာကျတယ်။ ဆောရီး။)

၅။ မြန်မာစားစရာလေးတွေရတော့ အစဉ်ပြေတာပေါ့ မြန်မာတွေက မြန်မာ့ရိုးရာ အတို့အမြုံ့လေးတွေနဲ့ဆိုတော့ မြန်မာပြည်ကို လွမ်းကြမှာပေါ့နော် (အဆင်ပြေလို့ ရေးရတယ်။ အစဉ်ပြေလို့ရေးနေကြသူတွေ အတော်များတယ်။ အစဉ်ဆိုတာ စဉ်ဆက်မပြတ်၊ အစဉ်သဖြင့်မှာသာ သုံးရတယ်။ အစဉ်ပြေလို့ပြောရင် စကားမပီရာကျတယ်။ ဆောရီး။ အတို့အမြှုပ်လို့ ရေးရတယ်။ လက်ဖက်မြုံ့နေသည်၊ စားမြုံ့ပြန်သည်လို့ရေးရတယ်။)

၆။ ဆန်စဥ်ရာကျည်ပွေ့မလိုက်နိုင်လို့ဖတ်ရပါတယ်ဆရာ စင်သွားတဲ့ဆန်နောက်ကို ကျည်ပွေ့ကလိုက်မထောင်းနိုင်ဘူးလို့ နားလည်ထားပါတယ်။ (စဥ်)နဲ့(စင်)ဘယ်စာကအမှန်ပါလဲဆရာ  ရှင်းပြပေးပါ(လေးစားစွာဖြင့်)

"ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်"

မောင်း၌ တပ်ဆင်ထားသော ကျည်ပွေ့သည် ဆုံမှ စဉ်ထွက်သမျှ ဆန်စေ့များ၏နောက်သို့ လိုက်၍မထောင်းနိုင်သကဲ့သို့ ပင်မကိစ္စကို လွှတ်ပြီး နှီးနွယ်ရာ အသေးအမွှားကိစ္စများနောက်သို့ လိုက်၍ မလုပ်နိုင်ချေ။ 

"သံကျောက်ကျည်ပွေ့၊ ဆန်စဉ်ရာငါမရွေ့၊ကွေ့ကွေ့ကောက်ကောက်၊ မိုက်ဉာဏ်ပေါက်တိုင်း၊ ရောက်မိရောက်ရာ၊ နားကလောအောင် မပြောသာ။" [၁၁၈၁] ဒေဝ။ ၃၀-၃၁။

"ဆန်စဉ်ရာ ကျည်ပွေ့လိုက်ဆိုသလို ဟိုက ဆူရင် ဟိုလိုက်လုပ်၊ ဒီက ဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင်..." [၁၃၀၉] ဗိုလ်ချုပ်မိန့်။ ၃၂၅။

လွင့်စဉ်

လွင့်ပျံ့

လွင့်ပြယ်

စဉ် = ကြိယာ = စီတန်းသည်၊

ကွန်းစဉ်တိုင်

စဉ် = သမ္ဗန္ဓ = ပြုဆဲ ဖြစ်ဆဲကိုပြသောစကားလုံး၊

စဉ်တိုက်

စဉ်တိုက် ဆက်တိုက်

စဉ်နက္ခတ်

စီစဉ်သည်

တံစဉ် (တစဉ်)

နေ့စဉ်မှတ်တမ်း

ပျက်အစဉ် ပြင်ခဏ

ဖိတ်စဉ်သည်

မင်းစဉ်မင်းဆက်

လွင့်စဉ်

သွားစဉ် လာစဉ်

အစဉ်မပြတ်

အစဉ်မသင့် (အစီအစဉ် မသင့်၊ အဆင်မသင့် မဟုတ်)

အစဉ်အလာ

အစီအစဉ်

စင်

ကင်းစင်

စင်ကြယ်

စင်စစ်

စင်ပြိုင်

စင်ရော်ငှက်

စင်္ကြံလျှောက်

စာအုပ်စင်

ထမ်းစင်

ပစ္စင်ရင်တား

ဖြူစင်သော

ဗူးစင်

မစင်ကျင်ကြီး

ယက်ကန်းစင်

ရေအိုးစင်

အပျိုစင်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ