ကလောဈေးနေ့ ပါ။ မိုးထဲလေထဲ အပြေးလေးဈေး၀ယ် ၊ တပတ်စာပေါ့၊ ချောင်းငါးလေးတွေရခဲ့တယ်။ ငါးစင်ရိုင်း ဥလေးတွေနဲ့ ၅၀၀၀ဖိုး၊(အရိအချွဲတွေပြောင်စင်အောင် မီးသွေးမီးဖိုပြာ အကျန်တွေနဲ့ပွတ်ဆေးကိုင်တွယ်သန့်စင်ပြီး) ခြံစည်းရိုးမှာသီးနေတဲ့ cherry tomatoes အိုးကပ်ချက် နံနံပင်အုပ်၊ မက်မန်းပင်ပေါ်နွယ်တက်နေတဲ့ ဆူးပေါက်စလေးတွေနဲ့ သခွားသီး ၃လုံးတွေ့ထားထာခူးပြီးပုဇွန်မီးဖုတ်စပ်သီးများများနဲ့သုပ်၊ လက်ဆောင်ရထားတဲ့ ပြောင်းဖူး နုနုလေးနဲ့ ပုဇွန်အသားလုံးဟင်းရည်။ မိုးအေးအေးနဲ့ အာဟာရပြည့် စေသော ဈေးနေ့ ဟင်း menuပါ။
တင်ထားသူ ကျေးဇူး။။
စာရေးတာလည်း မှန်။ ကွန်ဂရက်ကျူလေးရှင်း။
စာကို မှန်အောင်ရေးတတ်သူက ရွှေဗမာ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment