ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာတပုဒ်ပါဗျ
ဟုတ်။
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာတွေကို သတ်ပုံမှန်တွေရော ပေါ်လစီသတ်ပုံတွေပါ တွေ့ရပါတယ်။
သတ္တိရှိသောသစ်တပင်
မောင်စိန်ဝင်း (ပုတီးကုန်း) - ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၁၉၇၀။
“ရန်ကုန်တက္ကသိုလ်” နှစ်ငါးဆယ်ပြည့်အထိ မြန်မာစာကို မှန်အောင် သင်ပေးခဲ့တယ်။ မှန်အောင် ရေးသီဖွဲ့ကြတယ်။ နှစ် ၁၀၀ မှာ “တစ်ကသိုလ်” အဖြစ် ပြောင်းလိုက်တယ်။ သတ္တိမရှိသော မြန်မာစာ။
ကန်တော့။
ယနေ့ခေတ်မှာ မြန်မာစာဟာ မွေးတုန်းကတော့ တယောက်ထဲ အသက်ကြီးမှ အမြွှာလိုလိုဖြစ်လာပါတော့တယ်။
တယောက်တည်းကလည်း နှစ်ကိုယ်ခွဲဖြစ်ရပြန်တယ်။
ပေါ်လစီဆိုတာ အဲလိုဘဲ အာဏာပိုင်တွေက ထင်သလိုလုပ်ကြတယ်။
သတ္တိရှိသောသစ်တပင် https://burmese-spelling.blogspot.com/2023/02/blog-post_68.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment