ဆရာခင်ဗျ သင်္ချာမှာနှောတယ်ဆိုတာ ပေါင်းတာကိုပြောတာလားခင်ဗျ
(၁)
နှော
၁။ ရောပေါင်းသည်။ ဖြည်စွက်ထည့်သွင်းသည်။
အချင်းယူဇနာတရာ ဟူရာ၌ ပင်စည် အရေအတွက် ခက်မ အရေအတွက်ကို နှော၍ ရေတွက်သော် တရာမကသကဲ့သို့ ရှိ၏။
၂။ ပေါင်းဖော်ဆက်ဆံသည်။
တစုတရော၊ ဘော်ချင်းနှောလျက်၊ ဥသြငှက်တော်။
(၂)
နှော = အရွက်ညောင်ရွက်ပုံရှိ၍ ဘေးသို့အကိုင်းအခက် တည့်တည့် ထွက်လျက် ပေါက်တတ်သောပေ၁၀၀ခန့်မြင့်သည့်သစ်ပင်ကြီး။ (ထောင်နှောဟူ၍လည်းရှိသည်။ )
တိမ်ခိုငယ်မှဝေဝေ၊ နှောပင်ကြီးနှောသီးကြွေ၊ လေပွေတိုက်လို့ဝဲတတ်တယ်။ သုံးထောင်အိုင်၊ ညွှန်ပေါင်း၊ ပ။
(၃)
နှော (Haldina) ၏ ရုက္ခဗေဒ အမည်မှာ Adina cordifolia ဖြစ်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment