Skip to main content

Burma History Notes သမိုင်းမှတ်စု (၁)

အဲလို မေးကြလို့ သမိုင်းမှတ်စု ရေးထားတာ ၁၀ ခု ကျော်ပြီ။

(၁)

Country Account မြန်မာနိုင်ငံသမိုင်း သံခိပ်

(၂၀၁၈ ခုနှစ်က ရေးထားတာဖြစ်ပါတယ်။)

ဆရာ မင်္ဂလာပါရှင့် ဆရာဆီကို အရင်ကလည်း မြန်မာစာ၊ ဆေးပညာ သိချင်တာလေးများ မေးဖူးပါတယ်ရှင့်။ ကျနော်က မန္တလေးသူပါ။ ယခု ( - ) မှာကျောင်းတက်နေရင်း ( - ) လူမျိုးတွေကို မြန်မာစာသင်ပေးတဲ့ အချိန်ပိုင်းအလုပ်နဲ့ စကားပြန်အလုပ် အချိန်ပိုင်းလုပ်ပါတယ်ရှင့်။ ယခု ( - ) နိုင်င်ငံရှိ တက္ကသိုလ်တခုမှ ပထမနှစ် ကျောင်းသားများကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း ခေတ်အစိုးရတခုပြောင်းတိုင်း ထူးထူးခြားခြား ပြောင်းလဲလာတဲ့ မြန်မာ့သမိုင်းအကြောင်း အနည်းငယ်နှင့် မြို့နေလူတန်းစားတို့၏ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ ကျေးလက် နေလူတန်စားတို့၏ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို ရှင်းပြပေးဖို့ ဧည့်သည်အနေနဲ့ ကျမကို ကျောင်းမှ ဖိတ်ကြားခြင်း ခံထားရပါတယ်ရှင့်။ မိမိနိုင်ငံအကြောင်းကို ရှင်းပြရမှာဖြစ်လို့ ဝမ်းသာစွာနဲ့ လက်ခံလိုက်ပေမယ့် နိုင်ငံအကြောင်းဖြစ်နေလို့ ဆရာထံမှ သင်ယူလေ့လာ အကြံဉာဏ်များမျှဝေပေးစေချင်ပါတယ်ရှင့်။ သမီးသင်ခဲ့သောစာများ လူကြီးများထံမှ လေ့လာထားသည်များမှ မှတ်မိတာလေးတွေကို တင်ပြပါရစေ။ အမှားပါရင် သင်ပြပေးပါရှင့်။

၁၉၄၈-၁၉၆၂ ဖဆပလခေတ်အင်္ဂလိပ်အခေါ်မသိ ခေါင်းဆောင်မသိ၊ ထူးခြားဖြစ်စဉ်မသိပါ။

၁၉၆၂-၁၉7၄ တော်လှန်ရေးကောင်စီ အင်္ဂလိပ်အခေါ်မသိပါ။ ထူးခြားဖြစ်စဉ်မသိပါ။

ရန်ကုန်တက္ကသိုလ်မှဘွဲ့ရလျှင် နိုင်ငံတကာမှ အလုပ်ခန့်အပ်ခြင်းခံရ။ ပညာရေးကောင်း၊ အာရှကျား (အင်္ဂလိပ်အခေါ်မသိ)

၁၉၇၄-၁၉၈၈ ဦးနေဝင်း ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (အင်္ဂလိပ်လိုမသိ)

၁၉၈၈-၂၀၁၀ ဦးသန်းရွှေ စစ်အာဏာရှင်စနစ် (အင်္ဂလိပ်လိုမသိ)၊ ထူးခြားတာ များနေလို့ ဘာပြောရမှန်းမသိပါဆရာရှင့်။

၂၀၁၀-၂၀၁၅ ဦးသိန်းစိန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြောင်းလဲမှု မပြောပြတတ်ပါ။

၂၀၁၅-၂၀၁၈ NLD ဒေါ်အောင်ဆန်းစုကြည် ပါတီအာဏာရလာ။

သိသမျှလေး ဆရာကိုပြကြည့်တာပါရှင့်။ အမှားပါရင် အမှန်ပြင်ပေးပြီး လိုအပ်ချက်လေးများ ဖြည့်ပေးစေလိုပါတယ်ရှင့်။ အစဉ်ရိုသေလေးစားလျက်ပါ ဆရာရှင့်

သိလိုတာ အလွန်ကောင်းတယ်။ အားပေးတယ်။ အခေါ်အဝေါ်လေးတွေနဲ့ စမယ်။

- Anti-Fascist People's Freedom League (AFPFL) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)။

- Four Asian Tigers or Asian Dragons အာရှကျားလေးကောင်ဆိုတာ ဟောင်ကောင်၊ တောင်ကိုရီးယား၊ တိုင်ဝမ်နဲ့ စင်္ကာပူ။

- ၄-၁-၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရ။ ပဌမဆုံးဝန်ကြီးချုပ် ဦးနုဖြစ်။

- ၁၉၅၆ ဇွန်လမှာ ၁၉၅၇ ဇွန်အထိ ဝန်ကြီးချုပ် ဦးဗဆွေ။

- ၁၉၅၈ ဇူလိုင် လွတ်လပ်ရေးမရခင်ကတည်းက အားကောင်းခဲ့တဲ့ ဖဆပလ ALPFL ၁၉၅၈ မှာ ၂ ခြမ်းကွဲ။ ဦးနုနဲ့ သခင်တင်ကို သန့်ရှင်းဖဆပလ နဲ့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းအုပ်စုကို တည်မြဲဖဆပလ ခေါ်တယ်။ နောက်ရွေးကောက်ပွဲမှာ သန့်ရှင်းကနိုင်တယ်။

- ၂၆-၉-၁၉၅၈ ဦးနုကနေ ဗခက နေဝင်းကို အာဏာလွဲပေး။

- ၁၉၆၀ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲကျင်းပ။ စစ်တပ်က ဆွေ-ငြိမ်း ဖဆပလ ဘက်လိုက်။ ဒါပေမဲ့ နု-တင် ဖဆပလ အနိုင်ရ။ ဦးနု ဝန်ကြီးချုပ်ပြန်ဖြစ်။

- ၁၉၆၂ မတ်လ ၂ ရက်နေ့ ဗခက နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်း။ Union Revolutionary Council တော်လှန်ရေးကောင်စီ ခေါ်တယ်။

- Burma Socialist Programme Party မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေါ်တယ်။ တရားဝင်က လမ်းစဉ်ပါတီ။ ၁၉၇၄ ကနေ ၁၉၈၈ အထိ အဲဒီပါတီကနေ အုပ်စီးထားခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနေဝင်းဖြစ်လာတယ်။

- ၁၈-၉-၁၉၈၈ နေ့ စစ်တပ်ကအာဏာသိမ်းတယ်။ State Law and Order Restoration Council (SLORC) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လို့ ခေါ်တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်က ဦးဆောင်တယ်။

- ၁၉၉၇ မှာ State Peace and Development Council (SPDC) နိုင်ငံတော် အေးချမ်းသာယာရေးနှင် ဖွံ့ဖြိုးရေးအဖွဲ့ (နအဖ) လို့ ခေါ်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်တယ်။

- Union Solidarity and Development Party (USDP) ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဖွဲ့တယ်။ ဦးသိန်းစိန်ကဆက်ခံပြီး သမတ ၅ နှစ်ဖြစ်တယ်။ ၂၀၁၅ မှာ အတိုက်အခံဖြစ်သွားတယ်။

- National League for Democracy (NLD) ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တယ်။ ၂၀၁၅ မှာ အစိုးရဖွဲ့တယ်။ ကနေ့အထိ။ ၂၀၀၈ ဖွဲ့စည်းပုံက ဒေါ်စုကို သမတလုပ်ခွင့် ပိတ်ပင်ထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ