ညကတည်းက စိတ်ထဲကူးမိနေတာ။ မေးခွန်းတွေကိုဖြေပေးပြီး၊ ကျေးဇူးတင်ပါတယ်လို့ပြန်ရေးဖေါ်ရတာ မနေ့ကတော့ သိသိသာသာများတယ်။
တချို့ကတော့ မေးချင်တုန်းကတော့ ဖုတ်ပူမီးတိုက်၊ ကွန်မင့်ကနေမေးပြီး ဖြေတာကိုတော့ဖတ်ပုံမရဘူး။ တချို့လည်း မေးနည်းမကျလို့ စည်းကမ်းပို့ပေးပြန်တော့ ပို့ပေးလို့ကျေးဇူးတင်ပါတယ်သာရေးတယ်။ မေးခွန်းကို စနစ်တကျ ပြန်မမေးကြတော့ဘူး။
အမျိုးမျိုးမှ တကယ့်အမျိုးမျိုး။ ကိုယ့်တိုင်းပြည်သားတွေဆိုတော့လည်း အမျိုးပဲပေါ့။ ကနေ့မနက် အီးမေးလ်ကနေပြန်လာတဲ့ ကျေးဇူးသုံးခုကိုသာ နမူနာထည့်ပါမယ်။
၁။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
၂။ ဟုတ်ကဲ့ပါဆရာ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ဖြေပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
၃။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျမ ဘုရားတရားကို အရင်ထက် ပိုလုပ်ဖြစ်ပါတယ်။ ကံတရားပဲလို့တော့ ခံယူထားပါတယ်။ ဒါပေမဲ့ စိတ်ပူတဲ့စိတ်လေးဝင် ဝင်လာတတ်လို့ပါ။
ဖြည့်စွက်
ဒီစာက်ု ၂၉-၅-၂၀၁၆ နေ့က ရေးပါတယ်။ ၂၀၂၅ ခုနှစ်ထဲရောက်တော့ ကျေးဇူး လို့ ရေးတာကို ရန်ရှာခံတယ်။ တင်ပါတယ် မပါလို့တဲ့။ ဖေ့စ်ဘွတ်မှာ သတ္တမတန်း စာစီစာကုံးလို မရေးပါ။
၂၀၂၄-၂၀၂၅ မှာ ယဉ်ကျေးပျူငှါ ရှားသွားပြီ။
ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ရှင့် စာလုံးတွေ သုံးစွဲတာ နည်းပါးသွားပြီ။
ညမ၊ ကျယ်မ၊ နော်၊ တရ်၊ Hi တဲ့။
ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၁၆

Comments
Post a Comment