တဦး လို့ ပုံနှိပ်ထားတာတွေကို တင်ပြတိုင်းမှာ တစ်ဦး ဆိုတဲ့ ကွန်မင့်တွေလာတယ်။
တစ်ဦးမိသားစု
တစ်ဦးသည် ချစ်ဦး၏ အကိုဖြစ်၏။ မူးရင် ရစ်ဦးမယ်။ ညစ်ဦးမယ်။
သစ်ဦး၏ ညီဖြစ်၏။ လူလစ်ရင် လစ်ဦးမယ်။
စစ်ဦးက သူ့နှမ။ သူက ဖစ်ဦးလို့ ရေးတယ်။
ဦးသစ်ဦးက သူတို့အဖေ။
ဒေါ်ဆစ်ဦးက သူတို့အမေ။
တိုင်းပြည်ကလည်း စစ်ဦးဘီလူး။
မြန်မာစာကတော့ ကျဆုံးတော့မဲ့ ခေတ်ဦး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment