Skip to main content

A Story of Enlightenment ဗုဒ္ဓ၏ဉာဏ်အလင်း

ဒီစာအုပ် အခန်း ၁ ကို တင်ပြစဉ်က ဆက်ရေးပါလို့ ကွန်မင့်တခုလာပါတယ်။ ဆက်မရေးဖြစ်သေးပါ။ အခုတော့ စာအုပ် ‘ရီဗျူး’ ကိုသာ ဘာသာပြန်တင်ပြပါမယ်။

The Legacy of the Buddha အခန်း (၇) ဗုဒ္ဓ၏ အမွေအနှစ်

Conclusion and Reflection နိဂုံးနှင့် ရောင်ပြန်ဟပ်မှု

သိဒ္ဓတ္ထ ဂေါတမ မြတ်စွာဘုရားအား ကြည်ညိုလေးစားသော အကျိုးတရားသည်၊ သူ့တသက်တာထက် ကျော်လွန်ပြီး ရာစုနှစ်များစွာ၊ လူ့ယဉ်ကျေးမှုများစွာ ဆက်လကရှိနေပါသည်။ မြတ်စွာဘုရားဆုံးမ သြဝါဒတော်များသည် ကမ္ဘာ့အဓိကဘာသာတရားတခုကို တည်ထောင်ပေးသည်သာမက ခေတ်သစ်တွင်ပါ ခံနိုင်ရည်ရှိသော လေးနက်သည့် အတွေးအခေါ်ဘောင်တခုကိုပါ ထူထောင်ပေးခဲ့ခြင်းဖြစ်ပေသည်။

ဘုရား ချမှတ်ခဲ့သော အခြေခံမူများမှာ အရိယာသစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးတရားအပေါ် ဗဟိုပြုပါသည်။ ဉာဏ်ပညာ၊ ကရုဏာနှင့် အတွင်းငြိမ်းချမ်းမှုရရှိစေရန်ဖြစ်သည်။

ဗုဒ္ဓဘာသာသညအာရှတလွှားသိုပြန့်နှံ့သွားခဲ့သည်။ ကမ္ဘာ့ဇာတ်ခုံတွင် လိုက်လျောညီထွေရှိမှုနှင့် စကြဝဠာဆိုင်ရာ တောင့်တချက်တခုဖြစ်သည်။ အိန္ဒိယလို နိုင်ငံမျိုးမှသည် ထိုင်း၊ ဂျပန်၊ တရုတ်နှင့် အခြား နိုင်ငံတွေမှာ အနုပညာ၊ ယဉ်ကျေးမှု၊ လူမှုရေးတန်ဖိုးများ ဘဝ၏ ရှုထောင့်အမျိုးမျိုးကို လွှမ်းခြုံပါသည်။ (စာထဲမှာ မြန်မာပြည်အမည်မပါ။)

အတွေးအမြင်မျိုးစုံသော ထေရဝါဒ၊ မဟာယာန၊ ဇင်အထိတို့သည် ဗုဒ္ဓဘာသာကို ပြရုပ်များဖြစ်ပေသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် အလေ့အကျင့်များ ကြွယ်ဝသော အနုပညာမြောက် ရောယှက်မှုများဖြင့် တခုစီတိုင်းမှာ ဗုဒ္ဓ၏မူလဉာဏ်အလင်းရမှုကို ထိန်းသိမ်းထားရှိမှုတခုစီ ပါရှိကြပေသည်။

မြတ်စွာဘုရား၏ဘဝကို လေ့လာပါက ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် ဝိညာဉ်ရေးတိုးတက်မှုအတွက် ဆွဲဆောင်မှုရှိသော စံနမူနာကို ရှာတွေ့ရှိရပါမည်။

သိဒ္ဓတ္ထမင်းသား၏ ခရီးလမ်းမှာ နန်းတော်ထဲကမင်းသားအဖြစ်မှ ဉာဏ်အလင်းရှိသောသမားတဦး ဖြစ်လာခြင်းမှာ လူသားများအတွက်လည်း ဇွဲလုံ့လ၊ စူးစမ်းလေ့လာခြင်းနှင့် ဆင်းရဲဒုက္ခ ပြွမ်းသည့် သဘောသဘာဝကို နားလည်ရန် အလားအလာရှိသည့် လေးနက်သော ဥပမာပေးပါသည်။

ဗုဒ္ဓက အစွန်းရောက်ဝါဒနှစ်မျိုးကို ငြင်းပယ်ခဲ့ပြီး၊ ဟန်ချက်ညီသော အလယ်အလတ်လမ်းစဉချဉ်းကပ်ခြင်း နမူနာမှာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သော ချဉ်းကပ်မှု ဖြစ်ပေသည်။

ယနေ့ကမ္ဘာကြီးတွငဗုဒ္ဓမြတ်စွာတရားဒေသနာတော်သညဆက်စပ်မှုကို လျှော့မတွက်သင့်ပါ။ ရုပ်ဝတ္ထုပိုလျှံမှုလူမှုရေးနိုင်ငံရေးမငြိမ်မသက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလှတဲယနေ့ကမ္ဘာကြီးမှာ ဗုဒ္ဓ၏သွန်သင်ချက်များထဲက စိတ်ကို သတိရှိစွာနေတတ်မှုကျင့်ဝတ်သီလတွေနှင့် သက်ရှိအရာတို့သညတခုနှင့်တခု ဆက်စပ်နေကြောင်း သွန်သင်မှုများမှာ သတ္တဝါတို့၏ ကိုယ်ရေးကိုယ်တာ ဒုက္ခအပေါင်းတို့မသက်သာရာရရနလမ်းကြောင်းကို တင်ပြပါသည်။

ဗုဒဘာသာ၏အခြေခံသည့် ကမ္ဘာ့သတိပဋ္ဌာန်လှုပ်ရှားမှုသညအားကိုးထိုက်သော ဉာဏ်အလင်း ကိုလည်းကောင်း စိတ်ကျန်းမာရေးကိုလည်းကောင်းစိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းရေးအလို့ငှာ မီးမောင်း ထိုးပြနေဆဲဖြစ်ပါသည်။

ထို့ပြငမြတ်စွာဘုရားသညကရုဏာတရားနှင့် အဟိံသ အကြမ်းမဖက်ရေး အလေးပေးထားသည်။

ယနေ့ထိတိုငမရေမတွက်နိုင်သော လူတဦးချင်းစီနှင့် လှုပ်ရှားမှုများကို ဆက်လက်လှုံ့ဆော်ပေးနေသည်။

လူမှုတရားမျှတမှုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများဗုဒ္ဓ၏ဘဝနှင့် သွန်သင်ဆုံးမမှုများသညကျင့်ဝတ်နှင့်ညီသော လူနေမှုပုံစံကို လေးစားလိုက်နာရေးနှင့်

သဟဇာတဖြစ်မှုနှင့် အခြားသူများအပေါ် စာနာမှုဖြစ်စေရနလှုံ့ဆော်ပေးပါသည်။

နိဂုံးချုပ်အားဖြင့် မြတ်စွာဘုရားအမွေအနှစ်သညတာရှည်ခံလေးနက်လှပါသည်။ နိစ္စဓူဝသဘောသဘာဝကို ထိုးထွင်းသိမြင်စေသည်။ ဖြစ်တည်မှုနှင့် ဉာဏ်အလင်းသိုသွားရာလမ်းသိုမီးရှူးတန်ဆောငပေးသည်။ ကမ္ဘာမှာ မျှော်လင့်ချက်နဲလမ်းညွှန်မှုတွေ ပြည့်နှက်နေတတ်ပါသည်။

မသေချာမရေရာမှုတွေကိုယ်ရေးကိုယ်တာ အသွင်ကူးပြောင်းရေး စံပြအဖြစဝိညာဏပညာရင်းမြစ်ဖြစ်သော ဗုဒ္ဓအဆုံးအမဖြစ်သည်။ အနှစ်နှစ်ထောင်ကျော်ရှိပြီဖြစ်သော်လည်း ယနေ့တိုငဆက်နွယ်မှု ရှိနေပါသည်။

"Buddha: A Story of Enlightenment" by Deepak Chopra

https://cdn.bookey.app/files/pdf/book/en/buddha.pdf

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ