မူရင်းကာတွန်းကို သတ်ပုံပြင်ထားတဲ့ကာတွန်း။
ကာတွန်းတွေကို အဲလိုပြင်နေကြတယ်။
ပုဂံက မြစေတီကျောက်စာနဲ့ ရန်ကုန်က လွတ်လပ်ရေးကျောက်တိုင်ကစာတွေကိုလည်း ပြင်ပြီး အသစ်လုပ်ကြလိမ့်မယ်။
မုံရွာက လယ်တီကျောက်စာနဲ့ မန္တလေးက ကုသိုလ်တော်ဘုရားက ကျောက်စာတွေကိုလည်း ပြင်ကြလိမ့်မယ်။
မှန်နေတာကို မှားအောင်ပြင်ခြင်းအတတ်မှာ မြန်မာလူမျိုးတွေက တဖက်ကမ်းခတ် တတ်ကျွမ်းကြ၏။
အဲလိုလုပ်တာကို ခေတ်တဲ့ ခေတ် စာလုံးကို အားနာသင့်ပါတယ်။
အဲလိုနဲ့ မြန်မာစာ နောက်တခေါက်လျှောက်တော့ ကားတိုက်ခံရပါလေရော။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment