Skip to main content

ခံယူချက် မှန်ကန်ရေး

အကောင်းအဆိုး၊ ထိုနှစ်မျိုးသည်

ရှိရိုး အနိုင်နိုင်ငံမှာ။ ။

သို့သော် ကိုယ့်ပြည်၊ ကောင်းကျိုးစည်ဘို့

စွမ်းရည်ရှိမျှ၊ သင်ငါစ၍

ဝိုင်းမ ထူထောင် ရပါမည်။ ။

နိုင်ငံဘေးဆိုး၊ ရန်မျိုးမျိုးကို

ရိုးကြေ ရေခန်း၊ မလွတ်တန်းဖြင့်

ဖမ်းဆီး ချေမှုန်း ရပါမည်။ ။

ပြည်သူ့ကောင်းကျိုး၊ သည်ပိုးဆောင်ရွက်

တိုးတက်သမျှ၊ အဝဝကို

အားရ ကြည်နူး တတ်ရမည်။ ။

သို့တစေမူ၊ ပြည်သူတို့တွက

တဖက်ဖက်တွင်၊ ယွင်းကွက်အမှား

တွေ့လေငြားသော်၊ ကျော်လွှားဟန်ဆောင်

မမြင်ယောင်တည့်၊ ကောင်းအောင်မလို

ရေသာခိုလျက်၊ သင့်ကို ငါရွံ့

ငါ သင့်ရွံ့နှင့်၊ မဝံ့စကား

နှုတ်ပိတ်ထားကာ၊ မှားမှန်းသိလျက်

လက်ခုပ်မြောက်တီး၊ ကိုယ်ကျိုးပြီးဖို့

ရီးလေးလိုက်ကာ၊ ဝိုင်းဝန်းညာသော်

ငါနှင့် သင့်ထက်၊ ပြည်ကျိုးဖျက်သည့်

ရှက်ဖွယဘယ်သူ ရှိချေလိမ့်။ ။ (မျိုးမြင့်ဆွေ)

#ရှေးစာကဗျာများ ကျေးဇူး

ဒေါက်တာတင့်ဆွေ

Comments