အတူလျှောက် ဘယ်သူအရင်ရောက်မလဲ
အရင်ရောက်သူ ဆုယူရန်မဟုတ်
တာတိုမဟုတ် တာလတ်မဟုတ်
ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ်သော်လည်း
အရင်ရောက်သူ ဆုယူရန်မဟုတ်။ ။
အတူတူ မနက် နေ့ ညစာစား
အတူတူ မြူ မိုး နှင်းတွေကြား
အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေများ
အတူတူ အယူကိုးကွယ်ရာတရား
အတူတူ အလှူပေးကမ်းစရာ စေတနာထား
အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန်မနား
အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာသွား
သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။ ။
(ကဗျာ မဟုတ်ပါ။)
ပုံ ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ။
ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၈

Comments
Post a Comment