Skip to main content

ဘယ်သူ အရင်ရောက်မလဲ

အတူလျှောက် ဘယ်သူအရင်ရောက်မလဲ

အရင်ရောက်သူ ဆုယူရန်မဟုတ်

တာတိုမဟုတ် တာလတ်မဟုတ်

ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ်သော်လည်း

အရင်ရောက်သူ ဆုယူရန်မဟုတ်။ ။

အတူတူ မနက် နေ့ ညစာစား

အတူတူ မြူ မိုး နှင်းတွေကြား

အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေများ

အတူတူ အယူကိုးကွယ်ရာတရား

အတူတူ အလှူပေးကမ်းစရာ စေတနာထား

အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန်မနား

အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာသွား

သံသရာဟူသည် လူတိုင်းအတွကအတူတူပါတကား။ ။

(ကဗျာ မဟုတ်ပါ။)

ပုံ ၂၀၁၈ ခုနှစမေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ။

ဒေါက်တာတင့်ဆွေ

၃၁-၇-၂၀၁၈

Comments