လူးဆိုတာ ဝက်တွေဗွက်ထဲလူးတာမျိုး။ လိမ်းဆိုတာ သနပ်ခါးလိမ်းတာ moisturizer လိမ်းတာ။ ဆရာ ဒါမှန်ပါသလားရှင်။
လူးဆပ်ပဲပြောင်း
လူးလားဆန်ခတ်
လူးလားတုံ့ခေါက်
လူးလဲ
လူးလွန့်
လူးလှိမ့်
လိမ်း(လျှာ)
လိမ်း(သနပ်ခါး)
လိမ်းကျံ
လိမ်းသုတ်
လိမ်းသပ်
လိမ်း = အရည်ပျစ်၊ အရည်ကျဲ အစေးအဆီ၊ အမှုန့် စသည်ကို ပျံ့နှံ့အောင် ပွတ်လူးသည်။ ကပ်ငြိပေကျံအောင် ပြုသည်။
လိမ်းကျံ
လိမ်းဆေး = လူးဆေးနှင့် အတူတူ။
အဲဒါကြောင့် လိမ်းတာနဲ့ လူးတာ သိပ်မကွာခြားလှပါ။
သနပ်ခါးလိမ်းသည်။
ဆေးလိမ်းသည်။
ဆေးလူးသည်။
ရွှံ့ထဲလူးသည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment