Skip to main content

တပါတီစနစ်

တင်ထားတဲ့စာ = ရှစ်လေးလုံး နဲ့ ကျွန်တော်

ကွန်မင့်တခု = ဖြစ်နိုင်မယ်ဆိုရင် ၈၈၈၈ သမိုင်းအကြောင်းကို ဆရာကြုံခဲ့ရသမျှ နောက်လူတွေ သိခွင့် လေ့လာခွင့်ရစေဖို့ ရေးပေးစေလိုပါတယ်ဆရာ။ အခုလို အနည်းအငယ်သိခွင့်ရတာကိုလဲ ကျေးဇူးတင်းပါတယ်။

ဟုတ်။

ရှစ်လေးလုံး ပြည်လုံးကျွတ်အရေးတော်ပုံကြီးမှာ "လှည်းနေလှေအောင်း မြင်းဇောင်းမကျန်" ဆိုသလို ပါဝင်ခဲ့ကြတယ်။

နည်းနည်းလေးသာရှိတဲ့ ကျွန်တော်ပါဝင်ပတ်သက်မှုကို နှစ်ပတ်လည်စာအဖြစတင်ပြထားပါတယ်။

သိမီသူတွေ အများကြီးလည်း သက်ရှိထင်ရှား ကျန်ပါသေးတယ်။

ရေးသားကြတယ်။ စာအုပ်ထုတ်ကြတယ်။ အင်တာဗျူးတွေ ဖြေကြတယ်။ အများကြီး။

ပြောကြ ဟောကြ ရေးသားခဲ့ကြတယ်။ အများကြီး။

ရှစ်လေးလုံးဆိုတာ ကျောင်းသားတွေက ဦးဆောင်ပါတယ်။

သင်ခန်းစာ ()

တဝက်တပျက် ဒီမိုကရေစီအစိုးရလက်ထက်မှာ ပဌမဆုံးအကြိမ် ၈၈၈၈ အမှတ်တရနေ့ လုပ်ခွင့်ရခဲ့တယ်။

ဆော်သြချက်တခုက "တို့တစ်တွေ" ဆိုဘဲ

ကျောင်းတော်သားခေါင်းဆောင်တွေ သတ်ပုံမမှန်ကြတော့ပါ။

--၁၉၈၈ နေ့က ဆောင်ပုဒ်တခုက "တပါတီအာဏာရှင် မလိုမရှိ"။

အခုတော့ "တပါတီ" ကို မှန်အောင်ရေးတတ်သူ နည်းသွားပြီ။ "တို့တတွေ" ကို မှန်အောင်ရေးတတ်သူ နည်းသွားပြီ။

ခေတ်စနစ်ကနေ လူတွေကိုသာမက မိခင်ဘာသာစာကိုပါ ဖျက်ဆီးလိုက်ပါတယ်။

အခုနေမှာ မူရင်းအမှန် အကြောင်းအချက်နဲ့ အရေးအသားတွေကို သက်သေခံနဲ့တကွ တင်ပြသူတွေကို ဆဲဆိုကြပါတော့တယ်။

အသက်ပေး စတေးသွားကြသူတွေကို အားနာစရာကောင်းလွန်းလှတယ်။ ဘာသာစာပျက်တာကို သိမသွားကြပါ။

သင်ခန်းစာ ()

အခုဆိုရင် ၃၇ နှစ်တင်းတင်းရှိပြီ။ ၁၉၈၈ တုန်းက ပါဝင်ခဲ့သူတွေ အခု ဘယ်မှာလဲ၊ ဘာတာဝန်တွေယူနေကြသလဲ။ နိုင်ငံရေးအရောင် ဘယ်အရောင်ဖြစ်နေကြသလဲ။ ဘယ်သူတွေက ဇောက်ထိုးပြောင်းပြန် ဖြစ်ကုန်ပြီလဲ။

အခု ၂၀၂၁ ကစပြီး တော်လှန်နေကြသူတွေ နောင် ၁၇၊ ၂၇၊ ၃၇ နှစ်မှာ ဘယ်လိုတွေ ဖြစ်လာကြလေမလဲ။

၈-၈-၁၉၈၈ မှာ အသက်ပေးသွားကြသူတွေ ကောင်းရာမွန်ရာ လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ