မြေးအကြီးဆုံး နယူးဒေလီကနေ ယူအက်စ်အေကို သွားရတော့ လေယာဉ်စီးရင်း ဖတ်ဘို့ ဝယ်ခဲ့တာတဲ့။
ကနေ့ သူ့အိမ်ကနေ ယူလာခဲ့တာ။ အခုမှ စဖတ်မိတာ။
အဖွင့်မှာ သုဒ္ဓေါဒနမင်းကြီးဟာ နီပေါနယ်စပ်က ရာဗီဆန်သမ်နမ်ဘုရင်နယ်မြေကို ကိုယ်တိုင်ချီတက်ပြီး စစ်ခင်းတာနဲ့ စထားတယ်။
မြင်းတွေကတဲ့ စစ်သုံးရထားနဲ့။ ဒါးကိုင်ထားတယ်။ အောင်ပွဲခံအပြီးမှာ အိမ်ပြန်မယ်လို့ အမိန့်ပေးတယ်။
နောက်အခန်းမှာတော့ ကိုယ်ဝန်ရင့်မာကြီးနဲ့ မိဖုရားကြီး မာယာဒေဝီကနေ သူ့နေရပ်တိုင်းပြည်ကို အလည်ပြန်လိုခွင့် နန်းရင်ပြင်မှာ တောင်းခံနေတယ်။ ဘုရင်ကြီးက မငြင်သာ။
စာအုပ်ရေးသူအမည်ကို မြေးမကိုမေးတော့ ပန်ချာဘီဖြစ်မယ်တဲ့။ အားတဲ့ချိန်တိုင်းမှာ ဆက်ဖတ်ပါဦးမယ်။
ကျွန်တော် ငယ်ငယ်က စဖတ်ခဲ့တာကတော့ ကျီးသဲလေးထပ်ဆရာတော်ရေးသားတဲ့ ဇိနတ္ထပကာသနီ။
နောက်ထပ်လည်း ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်မျိုးစုံဖတ်ခဲ့ရတယ်။ အခုလည်း ဖတ်နေတယ်။
စာဖတ်သမားအဆင့်က မတက်။
ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၁၇

Comments
Post a Comment