ပုံတင်ထားသူ ကျေးဇူး။
နီပေါနိုင်ငံကို ၅ ခေါက်ရောက်ခဲ့တယ်။
ဘုရားအလောင်း ဖွားတော်မူရာ လုမ္ဗိနီအင်ကြင်းတောကို ၂ ခေါက်။
ပုံထဲက ပိုက်ဆံ မကိုင်ခဲ့ရပါ။ အိန္ဒိယ ရူးပီးလည်း သုံးလို့ရတယ်။
နီပေါပိုက်ဆံမှာ ဘုရားပုံတော် ရိုက်နှိပ်ထားခြင်းဟာ မြတ်စွာဘုရား ဖွားတော်မူတဲ့တိုင်းပြည်အဖြစ် ဂုဏ်ယူတာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်ဦးရေ မများလှပါ။ 8.2% သာ ရှိပါသတဲ့။
ခတ္တမန္ဒူမြို့တော်မှာ မြန်မာသီလရှင်ကျောင်းရှိတယ်။ ရောက်ခဲ့ပါတယ်။ နေကောင်းကြပါစေ။ မြို့ထဲမှာလည်း မြန်မာပြည်ပြန် နီပါလီတွေရှိတယ်။ တွေ့ခဲ့တယ်။ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment