Skip to main content

"စာပေါလောက"

(၁)

ဂျိုင်းမွေး

ဆုံးခန်းရယ်မတိုင်၊

ပေါက်နိုင်တဲ့အမျိုး၊

တပင်ယူ နှစ်ပင်ထူလို့၊

ဂျိုင်းရွှေဂူ ခေါင်းပြူထွက်တယ်၊

မဲနက်ကြွယ်ဖြိုး။

(မာန်အောင်သမအလှပချေ)

သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၉ ဒီဇင်ဘာလ

(၂)

ယဉ်ကျေးခြင်း

စာပေါလောက

သွေးသောက် အမှတ် ၃၁၁ ၁၉၇၁ ခု၊ နိုဝင်ဘာလ

ခေါင်းစည်းကိုဖတ်၍ ယင်ကောင်၊ကြက်တူရွေးနှင့် ထည့်စရာပစ္စည်းတခုအကြောင်း ရေးတော့မည်ဟု ထင်လျှင် ထိုသို့ထင်သူသည် မြန်မာစာရေးထုံးကိုသာမက မြန်မာစာရေး ကွမ်းသီး၊ မြန်မာစာရေး ရှားစေး များကိုပင် မကျွမ်းကျင်သူတို့ ဖြစ်ပေလိမ့်မည်။ 

ကျွန်ုပ်ရေးလိုသည်ကား ယဉ်ကျေးခြင်းအကြောင်းမျှသာဖြစ်၏။ ယဉ်ကျေးခြင်းဆိုသည်ကား အဘယ် နည်း (ကျေးဇူးပြု၍ စာရှုသူက မဖြေလိုက်ပါနှင့်။ ကျွန်တော့်ဘာသာ ကျွန်တော် ဖြေချင်၍ မေးနေခြင်း ဖြစ်ပါသည်) ။ ယဉ်ကျေးခြင်းဆိုသည်မှာ မိမိ၏အခွင့်အရေးများကို ခံစားကျင့်သုံးရာ၌ သူတပါးကို ထိပါး စော်ကားရာ မရောက်အောင် ကျင့်သုံးတတ်ခြင်းပင် ဖြစ်၏။ 

လူဟူသည် ပါးစပ်ထဲတွင် တံတွေးများ၊ ကွမ်းသွေးများ စသည်တို့ဖြင့် ပြည့်နေလျှင် ထိုအရာများကို ထွေးထုတ်ပစ်ရန် အခွင့်အရေးရှိ၏။ သို့သော် ထွေးခံထဲသို့မထွေးဘဲ ပက်လက်ကလေးအိပ်ပျော်နေသူ၏ မျက်နှာပေါ်မှသွား၍ ထွေးချသည်ဆိုပါစို့။ ထိုသို့ထွေးသူကား မယဉ်ကျေးသူပင် ဖြစ်သည်။ 

ရုပ်ရှင်ရုံများတွင် ရှေ့တန်းကထိုင်ခုံ ( အားလုံးသော အစိတ်အပိုင်းအပါအဝင်) ပေါ်တွင် ခြေတင် တတ်သူကား လုံးဝ မယဉ်ကျေးသော (ဝါ) ရိုင်းစိုင်းသောသူများပင် ဖြစ်လေသည်။ ခြေထောက်ဆိုသည်မှာ ရွှေကထိုင်ခုံပေါ်တင်ဘို့ မွေးလာခြင်းမဟုတ်ချေ။ ထိုကြောင့် ရွှေကထိုင်ခုံပေါ်သို့ ခြေတင်လိုသူများသည် နေသာထိုင်သာရှိကြစေရန် ကိုယ့်ခြေမလေးကိုယ် စုတ်နေခြင်းဖြင့် ခလေးဘဝကို ကုန်လွန်စေသင့်ပေ၏။

 နှုတ်အားဖြင့်လည်း ယဉ်ကျေးဘို့ရန် များစွာ လိုလှပေသည်။ မိမိ၏စကားသည် တဖက်သားအား ထိခိုက်မှု လုံးဝမပါစေရမည့် စကားများသာ ဖြစ်ရပေမည်။ လူသည် အခန့်မသင့်လျှင် ဒေါသထွက်ပေမည်။ ဒေါသထွက်ခြင်းကား လူတိုင်းအတွက် မွေးရာပါ အခွင့်အရေးတရပ်ဖြစ်၏။ ထိုကြောင့် ဒေါသထွက်ခြင်းကို မယဉ်ကျေးဟု မဆိုသာ။ဒေါသထွက်ချင်ထွက်ပါ။ သို့ရာတွင် ထိုသို့ဒေါသထွက်နေသည့်အချိန်တွင် နှုတ်မှ “ခွေးမသား” ဟု ဆဲရေးလိုက်ခြင်းကား မယဉ်ကျေးသောအပြုအမူ ဖြစ်ပေ၏။ သူ၏စကားသည် တဖက်သား ကို ထိခိုက်စေသောစကား ဖြစ်သောကြောင့်တည်း။ 

ထိုကြောင့် ဒေါသထွက်လျှင် ထိုပြင် ခွေးမသား' ဟုပြောလိုလျှင် အောက်ပါအတိုင်း ယဉ်ယဉ်ကျေး ကျေး ပြောသင့်ပေသည်။ “တခါတရံတွင် မစင်ကို မှီဝဲသုံးဆောင်တတ်သော ခြေလေးချောင်းသတ္တဝါ အမျိုး သမီးနှင့် လူယောက်ျားတို့ ဒဏ္ဍာရီဆန်စွာ ပေါင်းဖော်မှီဝဲ ချစ်ပွဲကြီးဆင်ရာမှ လောကတွင်းသို့ ဝင်ရောက်ခဲ့ရပါ သော... အိုလုလင်” 

ဤကား ယဉ်ယဉ်ကျေးကျေး ဆဲရေးခြင်းတည်း။ ဝမ်းနည်းပါသည်။ 

ကြပ်ကလေး 

တာဝန်ခံ စာတည်း 

စာပေါလောက

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ