Skip to main content

မြို့သုန်း ရွာသုန်း ထီးသုဉ်းနန်းသုဉ်း မြို့သုဉ်းသုည

သုံး သုန်း သုည်း အောက်မှာ ကွန်မင့်တခုက စိတ်သုန်းလို့ လာရေးတယ်။

မှားတယ်။ စိတ်သုန်းလို့ရေးခြင်းဟာ စိတ်ကုန်တာ။ စိတ်မရှိတော့တာ။ စိတ်ပျက်သုန်းတာ။ ရုပ်တွေ၊ အရာဝတ္ထုတွေ၊ လူတွေ၊ သစ်ပင်တွေနဲ့ မဆိုင်။

သုန်း

မြို့သုန်း

ရွာသုန်း

လူမျိုးသုန်း

ဝါးသုန်း

ပေသုန်း

အကြွင့်မဲ့သုန်း

ဖျင်းသုန်း

ပန်းသုန်း (သော်ကပင်)

ဆိတ်

ဆိတ်ကွယ်ရာ

ဆိတ်ချို

ဆိတ်ဆိတ်နေ

ဆိတ်တကောင်

ဆိတ်ဖွား

ဆိတ်ဖလူးပန်း

ဆိတ်ဖူးပင်

ဆိတ်ဖဲ့

ဆိတ်ငြိမ်ရာအရပ်

ဆိတ်သို

ဆိတ်သုဉ်း

ဆိတ်နို့မုန့်

ညံဆိတ်ဆိတ်

တဆိတ်စာ

တဆိတ်တပေါက်

တဆိတ်ကျေးဇူးပြုပါ

တိတ်ဆိတ်သောည

တိတ်တဆိတ်

တို့ဆိတ်

တဖျောက်ဆိတ်ဆိတ်

ထိုးဆိတ်

ပရွက်ဆိတ်

ပုစွန်ဆိတ် (ဗုဇွန်ဆိတ် ယခင်အသုံး)

ကြက်ဆိတ်သည်

မိုးတစိတ်စိတ် (မိုးတစိမ့်စိမ့်)

မုတ်ဆိတ်

ရှုစိတ်သည် (ရှုစိမ့်သည်)

လက်သည်းဆိတ် လက်ထိပ်နာ

လက်နှင့်ဆိတ်

လူသံတိတ်ဆိတ်

စိတ်

ကွက်စိတ်ဆရာ

ခပ်မဆိတ်နေသည်

ခွဲစိတ်ခန်း

ခွဲစိတ်အထူးကုဆရာဝန်

စိတ္တဇ

စိတ်ကိုချုပ်ထားပါ

စိတ်ကူးစိတ်သန်း

စိတ်ဆတ်သူ

စိတ်ဆိုး

စိတ်ညံ့

စိတ်တိုင်းကျ သုံးဆောင်ပါ

စိတ်ဓာတ်မကျပါနှင့်

စိတ်ပျံ့

စိတ်ပျက်

စိတ်ငြိမ်သက်

စိတ်မကျေပွဲ

စိတ်မနှံ့သူ

စိတ်ဖြာ (ဝေဘန်ခွဲခြမ်းသည်)

စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်

စိတ်ဝင်စား

စိတ်ဝမ်းနှလုံး ကောင်းပါစေ

စိတ်သန္တာန်

စိတ်ကောင်း

စိတ်ထွေပြား

စိတ်ရောကိုယ်ပါ

စိတ်ဝေဒနာ

စိတ်နှလုံး

ဆန်တစိတ် (ဆန်တစ်စိတ် မဟုတ်)

အချစ်စိတ်

အမုန်းစိတ်

အသေးစိတ်

ငွေအစိတ်

ဒေါင်းမုတ်ဆိတ်ပင်

နှစ်စိတ်တခွဲ

ဆိတ်ကွယ်ရာရှိ။ မျက်ကွယ်ရာရှိ။ စိတ်ကွယ်ရာမရှိ။

သုည်း

စားကြွင်းသုည်း (သတ်ပုံမှန်)

ထီးသုည်း နန်းသုည်း (သတ်ပုံမှန်)

ထီးသုဉ်း၊ နန်းသုဉ်း (နောက်သတ်ပုံ)

ဝါးသုဉ်း (နောက်သတ်ပုံ)

သုညလင်္ကာ

ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက်မှာ ထင်ရှားခဲ့တဲ့ ဆီးပန်းနီဆရာတော်ရှိခဲ့တယ်။ ဆီးပန်းနီ၊ ဆီးဘန်းနီ နဲ့ ဇီးဗနီလို့ ဘွဲအမည် မူကွဲတွေရေးနေကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဆီးပန်းနီဆရာတော် ဖြစ်ပါတယ်။ ဆရာတော် ရေးသားခဲ့တဲ့လင်္ကာကိုလည်း မူကွဲတွေနဲ့ ရေးနေကြတယ်။

မူကွဲ (၁)

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊

ကုန်းဘောင်နေမီး၊ မထိန်ငြီးက၊

တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊

ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊

သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊

သုညခေတ်တွင်၊ ဖြစ်လာရပေ၊

တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏။   ။

မူကွဲ (၂)

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊

ကုန်းဘောင်နေမီး၊ မထိန်ညီးက၊

တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊

ထီးသုဉ်း နန်းသုဉ်း၊

မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊

ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊

ဖြစ်လာရလေ၊ တို့တတွေသည်၊

သေသော်မှတည့် သြော်ကောင်း၏။   ။

မူကွဲ (၃) ပေါ်လစီသတ်ပုံ

တို့(တစ်)တွေသည် သေသော်မှတည့်၊ သြော် ကောင်း၏

မြန်မာ့စွယ်စုံကျမ်းမူ

ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊

သုဉ်းသုံးဝဖြင့်၊ သုဉ်းနှင့် ရလစ်၊

သုည ခေတ်တွင်၊ ဖြစ်လာရလေ၊

တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏။   ။

ဒေါက်တာတင့်ဆွေ

၃၁-၈-၂၀၁၉

Comments