Skip to main content

တောင်တောရယ်သာ

မက်ဆေ့ချ် = တောင်တောရယ်သာ မာလာကငုံဖူးဆိုတဲ့ကဗျာလေးရဲ့ အကျယ်တဝန့်(အကျယ်တဝင့်)ရေးသားထားတာလေးကို သိချင်လို့ပါခင်ဗျ

တောတွေ တောင်တွေ ပန်းတွေ လှခဲ့စဉ်က သတ်ပုံလည်း လှတယ်။

(၁)

တောင်တောရယ်သာ၊ မာလာကငုံဖူး။

တပင်ကိုနှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။

အသုံးချ မြန်မာစာ စာပေဆောင်းပါးများ (တက္ကသိုလ် မောင်မောင်ကြီး)

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန မြန်မာစာပါမောက္ခ တက္ကသိုလ်မောင်မောင်ကြီးက မြန်မာစာအကြောင်း ရေးသားတာမှာ သူ့ကျောင်းသူကျောင်းသားတွေကို သမီး သမီး သား သားနဲ့ မခေါ်ပါ။ သူ့ကိုယ်သူလည်း ဆရာကြီးလို့ မသုံးပါ။

တဝမ်းပူတွေကိုလည်း မလိုအပ်ဘဲ စမသတ်ပါ။

(၂)

တောင်တောရယ်သာ၊ မာလာကငုံဖူး။

တပင်ကိုနှစ်ပင်ယှက်တယ်၊ ကြေးငှက်ကမြူး။

ကြေးငှက်လို့ကတော့ အဲဒိ သူငယ်တန်းစာအုပ်တခုတည်းမှာသာ ပါတယ်။ မြန်မာအဘိဓာန်တွေမှာ ကျေးငှက်လို့သာ ရေးပါတယ်။

တပင်ကိုနှစ်ပင်ရှက်တယ်ကို မှန်အောင်မရေးတတ်သူများ သူငယ်တန်းစာ ပြန်ဖတ်ပါ။

ကျေးငှက် နဲ့ ကြေးငှက် မူကွဲရှိတယ်။

တပင်ကို 'တစ်'ပင် လို့ရေးတာက မူလွဲ။

ကျွန်တော်တို့ငယ်ငယ်ကတည်းက ရွတ်ဆိုကျက်မှတ်ခဲ့ကြရတဲ့ မြန်မာ့ယဉ်ကျေးမှုသရုပ်ကို ရိုးစင်းပေါ်လွင်အောင် ရေးစပ်ထားတဲ့ကဗျာတွေကို နောက်ပေါ်အမိန့်ရသတ်ပုံတွေနဲ့ ပြောင်းရေးပြီး ပြဋ္ဌာန်းစာအုပ်ထဲမှာ ထည့်သွင်းလာတယ်။

ပြင်ရေးထားတဲ့ တစ်ပင်ကို နှစ်ပင်ယှက်တယ်ကို အသံထွက်မှန်အတိုင်း ရွတ်ဆိုကြည့်ပါ။ ဘယ်လိုမှ ကဗျာဟန် စာဟန် မမြောက်တော့ပါ။ တစ်သံကို တသံအဖြစ် ရေးတော့အမှန် ဖတ်တော့အသံလို့ ဇွတ်ပြောရင် မှားပါတယ်။ တစ်တစ်ခွခွသာ ထွက်ဖတ်ရလိမ့်မယ်။ တပင်ကို ဒဘင်သံ ထွက်စေတာကသာ ရေးတော့အမှန် ဖတ်တော့အသံ မှန်ပါတယ်။

ကွန်မင့် (၁) တပင်ကို တပင်ယှက်တယ်က အမှန်ထင်တယ် ဆရာရှင့်။ တပင်ကို နှစ်ပင်ယှက်ရင် အားလုံးပေါင်း သုံးပင် ဖြစ်သွားလိမ့်မယ်။

ကွန်မင့် (၂) နှစ်ပင်ယှက်တယ်က မှားနေသလားလို့

ကျွန်တော် သတ်ပုံအကြောင်း ရေးရင် မူရင်းစာကိုသာ ပုံနဲ့သက်သေတင်ပြပါတယ်။ ကိုယ်ထင်မြင်တာကို လိုက်မပြင်ပါ။ 

တပင်ပေါ် နှစ်ပင်ယှက်၊

တပူပေါ် နှစ်ပူဆင့်၊

တလိမ် နှစ်လိမ် မုန့်ကြိုးလိမ်၊

တကောင် တမြီး၊

တကြော့နှစ်ကြော့ တေးကိုသီ၊ ငှက်ကျားနှုတ်ပလီ၊

တယောက် တလက် တအား၊

တနှစ်တခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း

ပျိုလေးတို့အိမ်ဦး ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ၊ ကျေးတွေကအုံ၊

ကြူကြူသင်းတဲ့ ပန်းဝတ်လွှာ တချပ်နှစ်ချပ်အာ။

၁။ မာမာအေး- 'တစ်'ပင်ကို'တစ်'ပင်ယှက် - မာမာအေးသာ မြင်မိသွားရင်တော့ ရင်နာလိမ့်မယ်။

၂။ Traveller Chan - တစ်ပင်ကိုတစ်ပင်ယှက် - မှား မမှန် လွဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ