(၁)
ကဝိဓဇသတ်ပုံကျမ်းမှာ
[ ဆီး – ဆည်း – ဆက် ] ။
ဆီး။ ။ ဆီးတားပိတ်ပင်၊၊ တားဆီးကံမြစ်၊၊ ဆီးကြိုသည်၊၊ ဆီးနှင်း၊၊ ပုဆိုးဆီး၊၊ ဆီးအောင့်၊၊ ဆီးဖြူသီး၊၊ ဆီးသီး၊၊ ဆီးကုန်းမြို့၊၊ ဆီးကျံကျံ၊၊ ဆီးချိုရောဂါ၊၊ ဆီးရွှင်သည်၊၊ ထုပ်ဆီးကစားသည်၊၊ ဖမ်းဆီးချုပ်နှောင်သည်၊၊ ဖျက်ဆီးပစ်သည်၊၊ ဆီးစ၊ ဆီးစပ်၊၊ ခါးဆီးပတ်မြီ = (အိမ်ခဲရာပြစ်မှား၍-လျော်ရသည့်ဒဏ်ငွေ) = [ပေါ] ၊၊
ဆည်း။ ။ ဆည်းကပ်၊၊ ဆုံဆည်း၊၊ ရုံးဆည်း၊၊ ရည်ဆည်း၊၊ ဆည်းပူး၊၊ ဖြည့်ဆည်းပူး၊၊ သိမ်းဆည်း၊၊ ဆည်းဆ၊၊ ဆည်းဆူ၊၊ ဆည်းဆာ၊၊ ဆုံဆုံဆည်းဆည်း၊၊ ဆိုက်ဆည်းရန်ရှာ၊၊ ဆည်းလည်း၊၊ ၊၊
ဆက်။ ။ ဆက်ကမ်းသည်၊၊ ဆက်ကပ်သည်၊၊ ဆက်ဆိက်ကြွပါ၊၊ ဆက်ခံစိုးစံ၊၊ ဆက်လက်ပြုလုပ်၊၊ ဆက်တိုက်လုပ်သည်၊၊ ဆက်ဆံပေါင်းသင်း၊၊ အဆက်အနွယ်၊၊ ဆက်၍ပြောပါ၊၊ ဆက်ရက်ငှက်၊၊ ဆက်ကြောတင်း = ဇာတ်ကြောတင်း၊၊ ကုသိုလ်ဆက် = ရုသိုလ်ဆက်၊၊ ၊၊
(၂)
မြန်မာစာအဖွဲ့၊ ၁၉၇၉ ခုနှစ်၊ ဩဂုတ်လထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ်
ဆုံခွက် – န / ဆုန်းဂွက် / ဆုံကျည်း – န၊ နှင့် အတူတူ။
ဆုံဆီ – န / ဆုန်းဇီ / ဆီဆုံတွင်ကြိတ်သော ပဲဆီ နှမ်းဆီ စသည်။
ဆုံဆို့နာ – န / ဆုန်းဇို့နာ / လည် ချောင်း အ တွင်း ၌ ဖြစ် သော အနာတမျိုး။ “ချိုဆိမ့်သောအရသကို များစွာ စားလျှင် .... ပန်းနာ၊ ဆုံဆို့နာ .... ဖြစ်တတ်ကုန်၏။” ဥတု။ ၄ဂ။
ဆုံဆည်း – ကြိ / ဆုန်းဇီး / တိုက်ဆိုင်သည်။ ကြုံကြိုက်သည်။ တွေ့ကြုံသည်။ “ရှင်အရဟံနှင့် ဆုံဆည်းမိ၍” လူချွန်၊ ဒု။ ဂ၂။
ဆုံထုံးငါးပိ – န / ဆုန်းဒုန်းငါးပိ / မညက်တညက် ထောင်းထား သော ငါးကြီးငါးပိ။
ဆုံပိုင်း – န / ဆုန်းပိုင်း / တင်ပါးဆုံရှိသော ကိုယ်ပိုင်း။ “ပြင်းထန် စွာ နှိပ်နယ်ခြင်းပြုချေက....ကန့်လန့်မွှေးခြင်း၊ ခြေကမွှေးခြင်း၊ လက်တဖက်တည်း ထွက်ရခြင်း၊ ဆုံပိုင်းမွှေးဖွားခြင်းစသည်တို့ ကို ဖြစ်တတ်သည်။” ဇာတ၊ ဒု။ ၇။
(၃)
မြန်မာစာအဖွဲ့၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလထုတ် မြန်မာအဘိဓာန်
ဆုံကျည်း၊ န – ဆုံခွက်။
ဆုံစည်း / ဆုန်းဇီး / ကြိ – တိုက်ဆိုင်သည်။ တွေ့ဆုံကြုံကြိုက်သည်။
ဆုံဆို့နာ / ဆုန်းဇို့နာ / န – လည်ချောင်းတွင်း၌ဖြစ်သော အနာတစ်မျိုး။
ဆုံထုံးငါးပိ / ဆုန်းဒုန်းငါးပိ / န – မညက်တညက်ထောင်းထားသော ငါးကြီးငါးပိ။
ဆုံဗျဉ် / ဆုန်းဗျင် / န – ဆီဆုံတွင် ဆုံခွက်၏ နှုတ်ခမ်းသား။
ဆုံလည် / ဆုန်းလယ် / န – ပတ်လည်လှည့်၍ရအောင် ပြုလုပ်ထားသောအရာ။
ဆုံလည်နွား / -နွား / န – ဆီပွတ်ရာတွင် ဆီဆုံကိုပတ်ချာလည်လှည့်နေသော နွား။
ဆုံ့ဆည်း / ဆုန့်ဇီး / နဝိ – [ကဗျာ] (ပြေပြစ်တင့်တယ်မှုအပေါင်း) စုဝေးသော။
ဆုံး၊ ကြိ – ၁၊ အပြီးသို့ ရောက်သည်။ ၂၊ ပျက်စီးသည်။ ပျောက်ပျက်သည်။ ပြန်မရဖြစ်သည်။ “မျက်စိတစ်ဖက် ဆုံးခဲ့ပြီ။” ၃၊ အသက်သေသည်။
| စည်း – အားလုံးထက် သာလွန်သော အဆင့်ရှိခြင်းအနက်ဖြင့် ထောက်ပံ့သော စကားလုံး။ “အကောင်းဆုံး။”
ဆုံးပါး / ဆုန်းပါး / ကြိ – ၁၊ ပျက်စီး...
(၄)
ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ် စန္ဒရားချစ်ဆွေ (၁၉၉၉)
ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ် တေးဆို - ခင်ညွန့်ရီ တေးရေး - အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော
ဆုံစည်းတန်ကောင်းပါရဲ့ မြခင်ခင် (ငြိမ်းကျော်)
ပြန်လည်ဆုံဆည်းကြမယ် တေးသီချင်းများ
ဒေါက်တာတင့်ဆွေ


Comments
Post a Comment