Skip to main content

ကြာဆံ ကြာဆန် နဲ့ ကြာဇံ

၂၀၁၉ ခုနှစ်က ဒီစာကိုရေးစဉ်က ကြာဆံဟင်းလာပို့တာ စားရတယ်။ ကောင်းတယ်။ 

၁။ ကြာဆံဟင်း နှင့် ကြာဇံဟင်း ဘယ်တခုအမှန်လဲဆရာ

၂။ ဆရာရှင့် ကြာဇံ နှင့် ကြာဆန်  စာလုံးပေါင်းအမှန်လေးသိချင်လို့ပါရှင့်

ကြာဆန်၊ ကြာဆံနဲ့ ကြာဇံလို့ ရေးတာတွေ မကြာခဏဖတ်ရတယ်။ 

• ကြာကြာ စံစားနိုင်အောင် ကြာဆံကြော် 

• ကြာစံချက်ပါဆရာ။ လူ့ဘဝသက်တန်းအရှည်ကြီးနေရအောင်၊ ကြာကြာစံရအောင် 

• ကြာဇံပါရှင် 

• ကြာကြာစံဖို့ ကြာဇံကြော်တွေကျွေးနေကြပြီဆရာ 

• ကြာဇံဟင်းခါး ကျွေးတယ်ရှင် 

၁။ ဆန်မှလုပ်ယူသော ကြာဆံများ (မြန်မာ့စွယ်စုံကျမ်း)

၂။ မရွှေဖဲကဗျာမှာတော့ ကြာဇံ။

၃။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)

ကြာဆံ 

၁။ ကြာပွင့်၏ ဝတ်ဆံ။

၂။ ကြိုးငယ်သဏ္ဌာန် ဆန်မှုန့် ပဲမှုန့်ဆို့ကို ပြုလုပ်ထားသော စားဖွယ်တမျိုး။

ကြာဆံကြီး

၁။ နန်းပေါက်ကြီးကြီးဖြင့် ညှစ်ထားသော ကြာဆံတမျိုး။

၂။ ယင်းကို ပြုလုပ်ထားသော စားဖွယ်။

ရေပေါ်မှာလွှားပါလို့ ကြာဆံကိုစားပါလို့ ဝဲကာပျံလေတည့် ဝဲကာပျံ ဆိုတာက တမျိုး။ ကြာပင်ကအဆံကိုပြောတာ။

ဆန်

ကလန်ကဆန်

ခလောက်ဆန်

စုန်ဆန်

ဆန်ကွဲဆန်နုပ်

ဆန်ကုန်မြေလေး

ဆန်ခါကျဲ

ဆန်ခါခုံး

ဆန်ခါစိပ်

ဆန်ပုံးရည်

ဆန်ပန်းပေါက်ပေါက်

ဆန်ဖွပ်

ဆန်ပြာ

ဆန်ပြုတ်

ဆန်ဖြုန်း

ဆန်လုံးတီး

ဆန်လတ်

ဆန်ကော

ဆန်ကျော်ဆန်ကြမ်း

ဆန်ခေါက်ဆွဲ

ဆန်ပြောင်းပင်

ထီးဆန်နန်းဆန်

ကြက်ဥ အဆန်ချောင်

ကြာဆန်

ငြင်းဆန်

ရုံးရင်းဆန်ခတ်

လုံးကြီးတင်ဆန်ခတ်

အလိုဆန္ဒ

အာဏာဖီဆန်

ခေတ်ဆန်

ရေစုန် ရေဆန်

မြေပဲဆန်

ဆံ

ကြာဆံ

ဆံကျင် (ဥသျှောင် ဆံထိုး)

ဆံကျစ်ရသေ့

ဆံချ

ဆံစပ်

ဆံစု

ဆံတရွက်မျှ = ဆံတပင်မျှ = အနည်းငယ်မျှ

ဆံထုံး

ဆံထိုး

ဆံထိုးဆံညှပ်

ဆံပင်ရိတ်

ဆံပတ်

ဆံမြိတ်

ဆံခြည် (နာရီ)

ဆံခြည်မျှင်

ဆံခြည်ထွေး

ဆံရစ်ဝိုင်း

ဆံလျဉ်

ဆံတောက်

ဆက်ဆံသည်

ဆက်ဆံရေး

မြင်းလည်ဆံ

ဝတ်ဆံ

အုန်းဆံ

စံ

စံကားစိမ်းပင်

စံကားပင်

စံချိန်မီ

စံစားခံစား

စံစားသည်

စံတင်လောက်သည်

စံတည်

စံနစ်

စံနည်း

စံနမူနာ

စံပ

စံပယ်တင်မှဲ့

စံပယ်ထပ်အမိုး

စံပယ်ပင်

စံပယ်ပန်း

စံပယ်တော်မူသည်

စံမီ

စံပြ

စံမြန်း

စံကျောင်း

စံတော်ချိန်

စံရွေး

စံနှုန်း

စိုးစံတော်မူသည်

ထုံးစံရှိသည်

နတ်ရွာစံသည်

ပုံစံ

ရွှင်ပျော်စံ

ပျော်စံသည်

ဇံ

လူအမည် မောင်ဇံ၊ မိဇံလှ။

ဇံဇံကြဲ = မဟုတ်မခံ ရဲရဲတင်းတင်း ပြောဆိုပြူမူလုပ်ကိုင်သည်။ (အရပ်သုံးကတော့ ဇတ်ဇတ်ကြဲ)

ဇံသီး = အလွန်လှပသောမိန်းမ။ ကောင်းမြေ့ပညာ၊ နှုတ်သစ္စာဖြင့်၊ ပဒုမာဝတီ၊ ခေါ်ညီမှတ်ပြီး၊ ကျောင်းတွင်ကြီးသည်။   ။ ဇံသီး အလှယောင်ဆင်းတည်း။

ကြာဇံလက်သုပ် မုံ့ဖက်ထုပ်

ဘယ်လောက်ကုန်လဲ မရွှေဖဲ

စက္ကူတကျပ် ငွေတမတ်

ဘာမြင်ခဲ့လဲ မရွှေဖဲ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ