ဆရာ အမည်မှာ မစန်း၊ မစဏ်း၊ မဆဏ်း စသဖြင့် ရေး လို့ရတယ်လို့ ဆရာ ပြောထားသည်ကို ဖတ်ရပါသဖြင့် ကျွန်တော်လည်း မေးချင်လာလို့ပါခင်ဗျာ။ နာမည်ကို "ဝဿန်" လို့ရေးရင်ကော မှန်သလား၊ မှားသလား သိချင်ပါတယ်ခင်ဗျာ။
ဝသန္တ = နွေဦး
ဝသန် = နွေဦး (ဝသန္တ)
ဝသန် = မိုးဥတု (ဝဿာန)
ဂိမှန် = နွေဥတု
ဝသန္တ = မိုး
ဝဿန် လို့ မရှိပါ။
အမည်ကိုတော့ ထင်သလို၊ ကြိုက်သလိုရေးတဲ့သူတွေရှိတယ်။
Judson ကို ယုဒသန် ကမှန်တယ်။ တချို့က ယုဒဝဿန်လို့ ရေးနေကြတာ မမှန်ပါ။ ပါဠိစာလုံး မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment