သူငယ်ချင်း(ရော)နေကောင်းလားကအမှန်လား။ သူငယ်ချင်း(ကော)နေကောင်းလားက အမှန်လား။ ရောနဲ့ကော ဘယ်လိုသုံးရလဲဆရာ။
ကော (ကြိ)
၁။ မြဟ်ချောင်းအငး်အိုင်ဆို့တွင် မြေပို့လာ၍ရေတိမ်လာသည်။ တိမ်သည်။
စကားတပြောပြောနှင့် လယ်ကော ရေမရ။
၂။ တဖြည်းဖြည်း တစတစ ပျက်စီးသည်။
မြန်မာနိုင်ငံ၌ ထုံးစံမကော။
၃။ အချည်းနှီး ဖြစ်သည်။ အလကားဖြစ်သည်။
အချစ်တော်မတူကြရင်ဖြင့် ပူသမျှကောရပါတော့မယ်။
ကော (ကြိ)
မာနထားသည်။ ပလွှားထောင်ထားသည်။ ဝင်င့ဝါသည်။
ကော (စည်း)
၁။ ဧကန်မုချ ဖြစ်ပြီးသည့်သဘောကို ညွှန်ပြသောစကားလုံး။
အမိန့်တော်မှတ်ပြီးပါ ပကော။
၂။ နှိုင်းယှဉ်ပူးတွဲ မေးမြန်းသော အမေးစကားများတွင် သုံးသောစကားလုံး။
မောင်တင်အိုကော ဘယ်လောက်ကြီးသေးလို့လဲ။
ကော (စည်း)
ကြိယာကို လေးနက်စေသော စကားလုံး။
တဆိတ်ကမှ မသနားရန်ကော။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment