Skip to main content

Magnolia grandiflora သတ်ပုံပြင် မခံရသေးသောပန်း

 



တင်ထားတာတခု = Magnolia သာတိုင်းမွှေး
တတိုင်းမွှေးပန်းလို့ ခေါ်ပါတယ်။
•  တတွေတွေ - ကြိဝိ / ဒဒွေဒွေ / အဆက်မပြတ်။ “တရံမလျှဉ်၊ မပေ့မပေ၊ တတွေတွေပယ်၊ မပြင်ရှဉ်၊ မြစ်ဝင်ရေလောင်း၊ ကန်တောင်းစပါး၊ ပျိုးသောလားသို့” သံ* ၁၅၆။ 
•  တတိုင်းမွှေး - န / တတိုင်းမွှေး / ရန်စူးသောပန်း၊ ပွင့်သည့် အပင်တမျိုး။ 
•  တတန် - န / ဒန် / တမျိုး။ တဖုံ။ တနည်း။ တဆင့်။ “ကုလားအုပ်ကို မြင်မက်မူ ချမ်းသာသူခ ရံ၊ ကုန်းတတန် ရေတတန် ခရီးဝေး သွားရဘဲ” အိပ်ခန်။ ၇ 
•  တတန်တက - ကြိဝိ / ဒဒန်ဒက/ ပင်ပန်းခံ့ချီ။ ခဲယဉ်းစွာ။ “စားရေ ရိက္ခာများကိုလည်း တတန်တက သယ်ပိုးယူင်င်မလား နိုင်” စွန်း။ ၂၀၈ 
•  တတုံးထွန် - န / ဒန်းဒွန် / ထွန်တုံးတခု နွားတရှဉ်နှင့် ထွန် ယက် စိုက်ပျိုးနိုင်သော လယ်မြေယာမြေ။ (ဆယ့်နှစ်ကေ ခန့်ရှိသည်။) “နွားတရှဉ်းမောင်း (၁၂ ကေခန့်) ကို တတုံးထွန်ဟု ခေါ်သည်” အေင်င်။ ၆၅ 
•  တတွေ - န / ဒဒွေ / တစု။ တအုပ်။ အများ။ “ကျန်ရစ်ကြ ပေ တို့တတွေလည်း၊ စိတ်စေတသိက်၊ ယွင်းမိတ်တောင်” သံစွေ* ၂၉ 
•  တတွတ်တွတ် - ကြိဝိ / ဒဒွတ်ဒွတ် / အဆက်မပြတ် (ပြောဆို ရွတ်ဖတ်၊ မြည်တမ်းလျက်)။ “အောက်ပါလက်ကတို့ကို ရွတ်ရှိ တတွတ်တွတ် သံရွဠာသ်ပုံမှာ” ခွေး။ ပ။ ၂၁ 
အခုနေတဲ့အရပ်မှာ တတိုင်းမွှေးပန်း အလွန်ပေါတယ်။ အလွန်လည်း မွှေးတယ်။ အရောင်လည်း အမျိုးမျိုး။
Magnolia grandiflora L. တတိုင်းမွှေး ရုက္ခအမည်။
Michelia Champaca Magnolia တတိုင်းမွှေး အဝါရောင်။ မြန်မာပြည်က စကားဝါပန်းနဲ့တူတယ်။
Jane Magnolia တတိုင်းမွှေး ခရမ်းနုရောင်။
Yellow Jane Magnolia တတိုင်းမွှေး အဝါရောင်။
Magnolia grandiflora တတိုင်းမွှေး အဖြူရောင်။
နောက်ဆုံးပေါ်မြန်မာစာရေးထုံးအရ "တစ်တိုင်းမွှေး" နံ၏။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ