မေးသင့်မေးထိုက်တယ်။ Labor Day လေဘာဒေးစာထဲမှာ မေးဒေးလို့ပါတယ်။ အဲတာက May Day ဖြစ်တယ်။ အခုမေးတာက Mayday မတူကြပါ။
Mayday မေဒေးဆိုတာ အသံကိုအသုံးပြုတဲ့ ရေဒီယိုဆက်သွယ်ရေးမှာ အရေးပေါ်အကူအညီတောင်းတဲ့ ဝေါဟာရ ဖြစ်သုံးပါတယ်။ Distress signal လို့ခေါ်တယ်။
အသက်အန္တရာယ်ကျရောက်တဲ့အခြေအနေတွေမှာ သုံးတယ်။ တချို့တိုင်းပြည်တွေမှာ မီးလောင်တာ၊ ရဲအလုပ်နဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနတွေမှာလည်း ဒီစာလုံး သုံးကြတယ်။ အဓိကတော့ လေကြောင်းနဲ့ ရေကြောင်းမှာ သုံးကြတယ်။ အမြဲတမ်း "Mayday mayday mayday" လို့သုံးပါတယ်။
သမိုင်းမှာ ၁၉၂၁ ခုနှစ်က လန်ဒန်မြို့တော် Croydon Airport လေဆိပ်မှာ အထက်တန်း ဆက်သွယ်ရေးအရာရှိ Frederick Stanley Mockford က စတင်သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီစကားလုံးက ပြင်သစ်လို m'aider (help me) ကနေလာပါသတဲ့။
ဒီစကားလုံးအရင်က SOS စာလုံးကို Morse code မော့စ်ကုဒ်မှာ သုံးပါတယ်။ မေဒေးအသုံးကို ၁၉၂၇ ခုနှစ် ဝါရှင်တန် နိုင်ငံတကာ ရေဒီယိုတယ်လီဂရပ် ကွန်ဗင်းရှင်းမှာ အတည်ပြုခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၈-၂၀၁၉

Comments
Post a Comment