ပြန်စာ
ဆောရီး။ ဆောရီးလို့ရေးတာကို ပြောကြဦးမှာလည်း သိပါတယ်။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း စာတွေ အရင်က ရေးထားတယ်။
ကိုယ့်နိုင်ငံရေးပါတီအကြောင်းနဲ့ဆိုင်တာရယ် ကိုယ်အသက်မွေးမှုပညာရပ်နဲ့ဆိုင်တာရယ်။
ဆေးပညာဝန်ထမ်းတွေကို အလွန်အကျွံနဲ့ အထောက်အထားမခိုင်လုံဘဲ သတင်းကိုချဲ့ကားရေးတာမျိုးကိုလည်း ကိုယ့်အသက်မွေးမှုပညာဘက်ကနေ ပြန်လည်ခြေပခဲ့ပါတယ်။
ပျက်သွားတဲ့ Blog မှာသာရှိတော့တယ်။
ကျွန်တော်တို့မှာ ပြုပြင်စရာတွေ များသည်ထက် များလာနေတယ်။ ပြင်ဘို့နေနေသာသာ နေရေး၊ စားရေးလုံးပမ်းနေကြရလို့ ကိုယ့်ကျန်းမာရောကိုတောင် အလေးမထားနိုင်သူဦးရေ နည်းလာပြန်ပြီ။ အသက်လုနေရသူတွေကလည်း မနည်းလှပါ။
နှုတ်၏စောင်မခြင်းသဘောနဲ့ ကျန်းမာရေးနဲ့ ပညာသုတစာလေးတွေ တင်ပြပါတယ်။
၁၉၉၀-၂၀၁၂ အထိ ပြည်ပနိုင်ငံရေးလုပ်ခဲ့စဉ်ကတော့ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေးမကောင်းတာတွေကို နိုင်ငံတကာလှည့်လည်သွားလာ ပြောခဲ့ဟောခဲ့ပါတယ်။
အခုတော့ နိုင်ငံတကာက ဒါတွေကို မသိချင်ကြတော့ပါ။
ပြည်သူပြည်သားတချို့ကလည်း အသိပညာနဲ့ ယဉ်ကျေးမှုကို တန်ဖိုးမထားကြတော့ပါ။
အသိပညာပေးတဲ့စာဆိုရင် ဆဲရေးသူတွေ ရှိလာနေတယ်။
အဲလိုအဆင့်နိမ့်လွန်းသူတွေ ရှိနေခြင်းဟာ တိုင်းပြည်အတွက် ပစက္ခရော အနာဂတ်ပါ မကောင်းပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment